အပိုင်း(၂) ဇာတ်သိမ်း

620 81 5
                                    

(Zawgyi)

 
ေ‌မ‌မေလင်တစ်‌ယောက် ပြန်ရောက်လာသည့်နောက်ပိုင်း နတ်သမီးကျယ်ကျဲကို ခေါ်ပေးပါ ‌ဆိုပြီး အတင်းငိုယိုကာ ပြောနေသော သားငယ်ကြောင့် ခေါင်းပင်ထိုးကိုက်လာရသည် ။ သားငယ် ထိုမိန်းကလေးကို အတော်ကြိုက်နေသည်ပင် ။

" သားငယ် ရှန်းဟွာကို ကြိုက်လား "

" ကြိုက်တယ် အရမ်းကြိုက်တယ် "

" သူမကို အိမ်လာဖို့ ‌ခေါ်... "

" ခေါ် ခေါ် မားမား ခေါ် "

" အင်းပါ သားငယ်ရယ် မေမေခေါ်ပေးမယ် "

ထိုသို့‌ပြောပြီးသည်နှင့် မေမေလင်တစ်ယောက် မျက်နှာပူစွာနှင့်ပင် လုရှန်းဟွာတို့ကို မနက်ဖြန်အိမ်သို့ အလည်လာကြရန်ဖိတ်ခေါ်ရတော့သည် ။

...............

" လုမုန်ရယ် အားနာလိုက်တာ သားငယ်က နင့်သမီးကို အရမ်းလွမ်းနေတာလေ တစ်ချိန်လုံး ခေါ်ပေး ခေါ်ပေးနဲ့ အခုလည်း..."

စကားမဆုံးသေးခင်ပင် လင်ရှုမင်မှာ လစ်ခနဲ ပြေးလာပြီး လုရှန်းဟွာအား ဖတ်လိုက်ကာ...

" ကျယ်ကျဲ လာပြီလား သား ကျယ်ကျဲကို မျှော်နေတာ လာ...သားအခန်းကို လိုက်ပြမယ် " ဟု ‌ပြောရင်း အတင်းဆွဲခေါ်သွားတော့သည် ။

" အဲ့တာကိုသာ ကြည့်ပါတော့ဟယ် "

မေမေလုနဲ့ မေမေလင်တို့ စကားပြောနေကြတုန်း ဖေဖေလင်လည်း ရောက်လာလေသည် ။ ‌ဖေဖေလင်မှာ အသက်သုံးဆယ်ဝန်းကျင်သာ ရှိသေးတာကြောင့် ယောက်ျားတစ်ယောက်ရဲ့ သန်မာခြင်းနှင့် ပျိုမျစ်နုနယ်ခြင်းတွေ ရှိနေဆဲပင်

။ နတ်ခ်တိုင်အား လျော့တိလျော့တွဲချည်ထားကာ ဆံပင်အား ‌‌သေချာမဖြီးပဲ ခပ်ဖွာဖွာလေးဖွထားသော်လည်း ‌ရိုင်းသလိုမဖြစ်နေကာ အသက်သုံးဆယ် လူကြီးတစ်ယောက်နှင့်မတူ ဆယ်ကျော်သက်လူငယ်တစ်‌ယောက်လို့ပင် ထင်မိသွားစေသည်။

လုမုန်ရပ်နေသည့်နေရာမှာ လင်ရှုယန်ဖက်က ကြည့်လျှင် အခန်းတံခါးနှင့်ကွယ်နေသောကြောင့် လင်ရှုယန်မှာ လုမုန်ကို သတိမထားမိပဲ လင်ရှန်းရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်ကာ

🎉 You've finished reading နွီကျွမ့်သာ့လောင်တစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း 🎉
နွီကျွမ့်သာ့လောင်တစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now