အပိုင်း (၁)

1.2K 93 4
                                    

( Zawgyi )

" ဒါက ဘာလဲ လင်းရန် "

စားပွဲပေါ်က စာချုပ်ကိုကြည့်ရင်း တစ်ချက်ကြည့်ရင်း သူမေးမိလိုက်သည် ။

"  ကွာရှင်းစာချုပ်လေ ငါတို့ ကွာရှင်းကြရအောင် "

" အင်း ဟုတ်ပြီ"

ခြောက်နှစ်ကြာတဲ့ အိမ်ထောင်ရေးဟာ စကားတစ်ခွန်းနဲ့ပဲ ပြတ်စဲသွားပါသတဲ့ ။ ဒါဟာ လုရှန်းဟွာ အတွက်တော့ အရှုံးမရှိပေ ။ male corss-dresser တစ်ယောက်ကို ထိုအသွင်အဖြစ် မမြင်ချင်ရင်‌တော့ မတတ်နိုင်ဘူးလေ ။

အစကတည်းက တစ်ဦးအပေါ်တစ်ဦး နားလည်မှု‌ပေးထားရန် ၊ တစ်ပါးသူ ဝါသနာပါရာကို မတားရန် လို့ သူပြောခဲ့သည်ပဲ‌လေ ။ ကိုယ့်အပေါ် ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုတဲ့ ချုပ်ချယ်မှုမျိုးကို သူ မကြိုက် ။

ထို့ကြောင့်ပင် ခြောက်နှစ်တာသံယောဇဉ်က မိနစ်အနည်းငယ်နဲ့ပင် ပြတ်‌တောက်သွားခဲ့သည်လေ ။ ဘာပဲဖြစ်ဖြစ် လွတ်လပ်သွားတာလဲ ကောင်းပါတယ်လေ ။

အခုတော့ ‌ကိုယ် ဝါသနာပါရာကို အေးအေးဆေးဆေးလုပ်လို့ရပြီ ။ ကွာရှင်းစာချုပ်ပေါ်တွင် လက်မှတ်ထိုးပြီးနောက် သူ စိတ်ပေါ့ပါးသွားသလို ခံစားရသည် ။ တစ်ဖက်သူကို ကြည့်တော့ သူလည်း ထိုနည်းတူပင် ပျော်ရွှင်‌နေပုံရသည် ။  အဟားး ဒီနေ့က သိပ်ကို ‌ပျော်ဖို့ကောင်းလွန်းတဲ့ နေ့ပါပဲ ။

တရားရုံးမှ ထွက်လာပြီးနောက်

လုရှန်း ဖုန်းထုတ်ကာ နံပါတ်အချို့ကိုနှိပ်ပြီး ဖုန်း‌ခေါ်လိုက်သည် ။

ဖုန်းဝင်သွားပေမယ့် တော်တော်ကြာတဲ့အထိ မကိုင်သေးပေ ။ တစ်အောင့်ကြာမှ တစ်ဖက်မှ ဖုန်းကိုင်လာသည်။

" Hello လုကော ဘာခိုင်းစရာရှိလို့လဲ "

" ဒီနေ့ ဘာအလုပ်လာအပ်ထားတာရှိလဲ တစ်ချက်စစ်ပေး ရှိနေရင် ရပ်ထားလိုက် ဒီနေ့‌ ငါ နားချင်လို့ "

" ဟုတ်ကဲ့ပါ လုကော ဒီနေ့ ဘာဖြစ်လို့လဲ လုကော တစ်ခါမှ မနားဘူးတဲ့ဟာကို "

" အိမ်ထောင်သည်ဘဝက‌နေ လွတ်မြောက်တဲ့‌အထိန်းအမှတ်အနေနဲ့ သွားသောက်မလို့ "

နွီကျွမ့်သာ့လောင်တစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now