စျေးထဲကိုရောက်တော့ လုံးဝကိုအံသြမင်သက်မိသည်အထိဘဲ
မန်းတလေးမှာဆို ရှမ်းအိုးစည်တွေဘာတွေတီးပြီး သိုက်တွေဘာတွေ က ကျတဲ့ အခါမှ မြင်ဘူးတဲ့ ရှမ်းဘောင်ဘီတို့ အဝတ်တို့ကို အခုတော့ အထူးအဆန်းမဟုတ်သည့်အလား
လူတိုင်းနီးပါးဝတ်ဆင်နေကျသည်စျေးရောင်းနေသည့်အမျိုးသားများကဆို ရတုတို့မန်းတလေးဆို မျက်နှာဘဲသုတ်တဲ့ သဘတ်အတိုလေးတွေကို သူတို့ကတော့ ခေါင်းမှာပေါင်းထားကျတာ မြင်တော့ ရတုကိုယ်တိုင်လည်း လက်တည့်စမ်းချင်တဲ့စိတ်ကလေး ဝင်လာမိသည်အထိဘဲ
ပုဆိုးဝတ်တဲ့သူခပ်ရှားရှားရယ်ပါ ရှမ်းဘောင်ဘီကြီးတွေနဲ့ ဖျင်ထည်အဝတ်တွေမို့ ပေါ့ပေါ့ပါးပါးပင်
အမျိုးသမီးအမျိုးသားတွေအကုန်နီးပါး ပလိုင်းလေးတွေကိုယ်စီနဲ့ ဝယ်ကျခြမ်းကျ ရောင်းကျဝယ်ကျ နှင့် ဒီဒေသရဲ့အငွေ့အသက်ကို ကောင်းကောင်းကြီးခံစားမိသည်အထိ အောင်ပန်းမြို့လေးက သာယာသည်
ပအို့စ် ပလောင် ရှမ်း ဓနု တောင်ရိုး
တိုင်းရင်းသားအတော်အများကို တနေရာတည်းမှာတွေ့နိုင်တာ အောင်ပန်းသာရှိသည်ဒါမျိုးတွေမန်းတလေးမှာလည်းမမြင်ရသလို ရန်ကုန်မှာလည်းတွေ့ရမှာမဟုတ်
ဒါတောင်စျေးအပြင်ပိုင်းဘဲရှိသေးသည်
"ရတုရေ လာ စျေးထဲဝင်ရအောင်"
"ဟုတ်မေမေ"
စျေးထဲဝင်ဝင်ချင်းပင် ပြောင်းဖူးပြုတ် အနံ့ကလေးတွေက သင်းကနဲ့ပင် မန်းတလေးလို ထိုင်ဝမ်ပြောင်း (သကြားပြောင်း) တွေမဟုတ်ဘဲ ရှမ်းပြောင်းဖူး လေးတွေ
ရှမ်းပြောင်းကိုမှ 2မျိုးတွေ့ရသည် ဖြူဖြူကလေးတွေနဲ့ မဲမဲကလေးတွေပင်"အမေ.အဲ့ပြောင်းဖူးမဲမဲလေးတွေကိုဘလိုခေါ်လည်း"
"ေအာ်ရတုရယ် အဲ့တာ ငချိတ်ပြောင်းလို့ခေါ်တယ် သားရဲ့ စီးစီးလေးတွေလေ စားကောင်းတယ် သားစားချင်လို့လား မေမေဝယ်ပေးမယ်လေ"
"မစားချင်ပါဘူးမေမေကလည်း စောစောစီးစီး
ပြောင်းဖူးမစားချင်ပါဘူး"
YOU ARE READING
ရွှေမန်းမြို့တော် မှ တောင်ပေါ်မြေ သို့
Romanceမန်းရွှေမြို့တော်လို ပိတောက်ဝါတွေ မပွင့်ပေမယ့် ပန်းချယ်ရီရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ် အချစ်ရယ်