မြင်းမထိဂူသို့...(uni)

22 2 0
                                    

နှစ်တစ်ထောင်အပ်ပုဒိတ်လာပါပြီ...

~~~~~~~~~~~~~~~~~~~~~~
တစ်ပတ် တစ်ပတ်ဆိုသည့်အချိန် အခါကို
အိပ်လိုက်စားလိုက် ဖြင့် ရတုအချိန်ကုန်ခဲ့သည်။
ယခုတစ်ညသာရတုအိမ်တွင်ရှိတော့မည်
မနက်ဖြန်မနက်အစောပိုင်းလောက်
လာခေါ်မယ်လို့ ဟိုလူကြီးက
ဖေဖေ့ကိုဖုန်းဆက်ထားသည်တဲ့လေ

အဲ့တာကြောင့်ရတုတစ်ယောက်
အ၀တ်အစားတွေထုတ်ပိုးနေရခြင်းပင်
အရင်တစ်ပတ်ကဘဲ အထုတ်တွေချပြီး
အိမ်ပြောင်းလာခဲ့ရသည်ကို
ယခုနောက်တဖန် အ၀တ်တွေပြန်ထည့်နေရတာ
ပင်ပန်းတယ် တကယ်ပါဘဲ....

လိုက်သာလိုက်သွားရမည် ရတုဆိုသည်မှာ
လှေကြောက် ရေကြောက် အမျိုးအစားပင်
တွေးလေနက်လေ ဆက်တွေးလေ
ကြောက်လေပါဘဲ....။
မန်းတလေးမှာမွေး မန်းမြေမှာကြီးသူမလို့
ရေမကူးတတ်တာ အဆန်းတော့မဟုတ်
ရေနဲ့တူပြီးကူးစရာဆိုလို့
မန်းန္တလေးကျုံးကြီးဘဲရှိသည်လေ
မြစ်ချောင်းဘေးမွေးတာလည်းမဟုတ်
မြို့ကြီးသား ပီသစွာ ရေမကူးတတ်ပါ
ရေမကူးတတ်ရတဲ့အကျိုးဆက်အနေနဲ့
လှေကိုအသေကြောက်ပါသည်။
ရေကူးလည်းသင်ဖူးပါတယ်
ဒါပေမယ့်ငယ်စဥ္အခါကတည်းက
သင်ပေးကျတာမဟုတ်တော့
ဘလိုသင်သင် အကြောက်တရားတွေနဲ့
ပြည့်နေတာမလို့ မတတ်ခဲ့ဘူး....

အ၀တ်တွေလည်းထုတ်သိမ်းပြီးပြီ မလို့
မျက်နှာသစ် ခြေလက်ဆေးပြီးသာ
အိပ်စက်ခြင်းစီသို့.....

မိုးလင်းရင် စော်ဘွားငယ်ဆိုသူနဲ့
အရမ်းသွားချင်ခဲ့ပါသော
အင်းလေးကို လိုက်သွားရတော့မည်။

---------------------------------

"ရတုရေ ထ တော့ဟဲ့ ခနနေ လာခေါ်တော့မယ်သူများကိုထိုင်စောင့်စေတာမျိုး မဖြစ်စေနဲ့
မြန်မြန်ထ လုပ်စရာရှိတာလုပ်"

"ထပါပြီ မေမေရယ် တကယ်ပါဘဲ"

"အေး ထ ပြီဆိုလည်း မြန်မြန်လုပ်"

အမေဆိုသည်မှာအဲ့လိုပါဘဲ
သူတစ်ပါးရပ်ရွာကို ကိုယ့်သားလေး
လိုက်နေရမဲ့ဟာ ကို တစ်ရက်တစ်လေလေး
ချိုချိုသာသာမရှိဘူး!

လုပ်စရာရှိတာလုပ်ပြီး ကိုယ့်ကိုကိုယ်
မှန်ထဲတစ်ချက်ရှိုးလိုက်တော့
အင်း......ငါဆိုတာခန့်ချောကြီးဘဲ

ရွှေမန်းမြို့တော် မှ တောင်ပေါ်မြေ သို့ Where stories live. Discover now