ယနေ့မိသားစုရဲ့ စီးပွားရေးအခြေအနေကြောင့်
ဆွေမျိုးတွေရှိတဲ့ အောင်ပန်းမြို့ကို ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကျခြင်းပင်
မန်းတလေးသား စစ်စစ်မို့ ရွှေမန်းမြေကနေ ခွဲခွာရမှာက လွမ်းဆွေးဖွယ်အတိ မခွဲခွာချင်ပါဘဲ နှုတ်ဆက်ရတော့မည်။
မိုးဦးကာလဖြစ်တဲ့ မေလလယ်မို့ မိုးဖွဲဖွဲ ကလေးများရယ်....ငယ်ကတည်းက မန်းမြေမှာမွေး မန်းမြေမှာကြီးသည်မို့ တစ်နယ်တစ်ကြီး သို့ ပြောင်းရမည်မှာ ကျွန်တော့် အတွက် အဆင်မပြေခြင်းတွေသာ ခပ်များများ
တစ်ဦးတည်းသောသားဖြစ်၍
အပေါင်းအသင်းခုံမင်သူမို့ ဟိုရောက်ရင် အဖော်မရှိမှာ စိုးရိမ်မိသည်”သားငယ် ရတု, လာလေ ကားပေါ်တတ်တော့ မိုးရွာတော့မယ်”
ဟုတ်ပါသည် ကျွန်တော်က ရတု, ရတုအလင်္ကာ
ကားပေါ်ရောက်ပြီး ဆယ့်ငါးမိနစ်အကြာ ရွှေမန်းမြို့တော်မှ တောင်ပေါ်မြေသို့ စတင်ထွက်ခွာခဲ့ပြီဖြစ်သည်
စီးသည့်ကားမှာ ည ၆နာရီခွဲ ကားဖြစ်၍ တစ်လမ်းလုံး အိပ်၍သာလိုက်လာခဲ့သည်
သာစည်အကျော်မှာ ထမင်းစား တထောက်နားပြီး ဆက်လက်ခရီးနှင်လာခဲ့သည့် expressကားကြီးသည် တောင်ပတ်လမ်းသို့ ရောက်လာလျှင်ပင် အကွေ့အကောက်များသဖြင့် ကားမမူးတတ်သော ရတု အပါအဝင် တစ်ကားလုံးနီးပါး အော့အန်ကျတော့သည်။
တို့ညီနောင်အမည်ရှိသော express ကား ကြီးသည် အောင်ပန်းမြို့ကလေးတွင် တိကနဲရပ်သွားလျှင်ဘဲ ရတုတို့မိသားစု အမြှောက်တပ် အနီးတွင် ဆင်းလိုက်ကျသည်တောင်ပေါ်မြေသို့ မနက်6နာရီ လောက်တွင် ရောက်ခဲ့လေပြီ
”အမယ် အမေရေ ချစ်စရာလေးဗျ အိမ်ကလေးတွေက”
ဟုတ်သည် ေအာင်ပန်းမြို့ရဲ့ အိမ်ကလေးတွေသည် ကုန်းအမြင့်မှာ တစ်ထပ်တိုက်ကလေးကိုမှ ေခါင်ချိုးကလေးများပင်။
ချစ်စဖွယ်အတိပြီးသော တောင်ပေါ်မြေ......မန်းမြေကိုစိတ်ထဲကနေ ရတု သစ္စာဖောက်လိုက်ပြီ တောင်ပေါ်မြေက ပိုကောင်းသည်ဟုပင်
bye bye ပါ မန္တလေးရေ
YOU ARE READING
ရွှေမန်းမြို့တော် မှ တောင်ပေါ်မြေ သို့
Romanceမန်းရွှေမြို့တော်လို ပိတောက်ဝါတွေ မပွင့်ပေမယ့် ပန်းချယ်ရီရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ် အချစ်ရယ်