sj-ဂျွန်းဂျွန်း...
nj-ဟမ်...အားးးတီတီရေ!!!
ပုံမှန်လိုပင်နမ်ဂျွန်းလေးတယောက်သူ့သိုးလေးအိမ်ကိုလာပီးအိပ်ပုတ်သိုးလေးကိုကြည့်နေတုန်းသူ့ကိုခေါ်တဲ့အသံသေးသေးကြားလိုက်တာကြောင့်ပျော်သွားတယ်...
"ဘာဖြစ်တာလဲ သားလေးဘာဖြစ်လို့လဲ"
သူ့အော်သံကြောင့် ဟယ်ရာမှာဟင်းချက်နေရင်းအပြေးတက်လာခဲ့တယ်
nj-သိုးလေးကစကားပြောတယ်
"ဟင်...သားသားစကားပြောပီလား"
nj-အင်း သိုးလေးပြန်ခေါ်ပါဦး
သူပြောတာကိုနားလည်သည့်အလားဆော့ဂျင်လေးမှာအသံသေးသေးလေးနဲ့ထပ်ခေါ်လိုက်တယ်
sj-ဂျွန်းဂျွန်း...
"အို..."
ဟယ်ရာတယောက်တကယ်ကိုပြောစရာမရှိဖြစ်သွားတယ် သားလေးအရင်ဆုံးစကားပြောတယ်ဆိုလို့အပြေးလာကြည့်ပါတယ် အိုမား ဆိုတာအရင်မခေါ်ပဲ ဂျွန်းဂျွန်းတဲ့လား??ကိုကိုလို့တောင်မခေါ်ပဲဂျွန်းဂျွန်းလို့ခေါ်တာဘယ်သူ့စနက်မှန်းသူမသိလိုက်ပါပီ...
nj-ဟိ သိုးလေးကသားနာမည်ကိုခေါ်တယ် အားးးပျော်လိုက်တာ အိုမားရေ!!
ပါးချိုင့်တွေပေါ်တဲ့ထိပြုံးရင်းတဖက်အိမ်ကိုအော်ပီးပြေးသွားတဲ့ဂျွန်းနီးလေးရယ်ပါ...
"ဟဲ့ ဘာဖြစ်လာပြန်ပီလဲသားရယ်"
nj-အိုမား သိုးလေးကလေ သားကိုခေါ်တယ်...
"ဟေ...ဂျင်လေးကစကားပြောတတ်ပီလား"
ပြုံးပီးခေါင်းပဲညိမ့်ပြလိုက်တယ်...သူ့မိဘတွေကတော့သူတို့သားလေးရဲ့မမြင်ဖူးတဲ့ပုံစံတွေကိုဆော့ဂျင်လေးနဲ့ပက်သက်မှပဲမြင်ဖူးတော့တယ်လေ...နောက်လဲဘာတွေထပ်မြင်ရဦးမယ်မသိ...
"သားကအရမ်းပျော်နေတယ်ပေါ့လေ ကြည့်ပါဦး ပြုံးနေတာများ ရပ်ကိုမရပ်တော့ဘူး"
nj-ဟီးးပျော်တာပေါ့
"ပါးချိုင့်လေးလဲဖွက်ထားပါဦးရှင် တော်ကြာသူများတွေလုသွားဦးမယ်"
ဆော့ဂျင်နဲ့ပက်သက်တာတွေပြောတိုင်းအမြဲပြုံးနေတာကိုမြင်လို့စလိုက်တယ် သူ့သားက ကလေးတန်မဲ့နဲ့ဆော့ဂျင်လေးနဲ့ပက်သက်ရင်တော့သူ့ကိုယ်သူလူကြီးလေးလိုလုပ်တတ်သေးတယ်လေ...
YOU ARE READING
Our Love Story
Fanfictionကိုကိုဂျွန်းရဲ့သူ့သိုးဖြူလေးအပေါ်သဲကဲမှုလေးတွေကိုရှုစားကြည့်ကြမလား...