3

214 32 7
                                    

sj-ဂျွန်းဂျွန်း နောက်ခါအဲ့တံခါးကိုသားသားမှီတဲ့နေရာမှာထား...

nj-ဘာဖြစ်လို့လဲ သိုးလေးရဲ့...

sj-ဂျွန်းဂျွန်းစီလာရင်လေဖွင့်ဖို့မှီဘူး...

အဲ့တော့မှတံခါးဖွင့်တဲ့လက်ကိုင်ကိုပြောမှန်းနမ်ဂျွန်းနားလည်သွားတယ် သူဆိုတာလဲသိုးလေးနဲ့ပက်သက်ရင်အခုဆိုအခုလုပ်ပေးလိုက်ရမှလေ...

nj-ကိုကိုအခုပြင်ခိုင်းလိုက်မယ်

sj-လုပ်ပါနဲ့...တီတီတို့အိပ်နေမှာပေါ့...

သူ့သိုးလေးကအဲ့လိုလဲသိတတ်သေးတာဗျ...

nj-ကိုကိုတို့လဲအိပ်ကြမယ်လေ

sj-အင်း

ခေါင်းလေးညိမ့်ပီးတန်းလှဲလိုက်တယ် ဒီနေ့ကသူတို့ပြန်တည့်သွားတော့တူတူအိပ်ကြတာလေ မဟုတ်ရင်စိတ်ကောက်ပီးဂျင်လေးကသူ့အမေနဲ့လိုက်သွားတတ်တာပေါ့...

nj-မွ~ဂွတ်နိုက် သိုးလေး...

ပါးဖောင်းဖောင်းလေးကိုနမ်းပီးပြောလိုက်တယ်

sj-ဂူးနိုက်ပါ ဂျွန်းဂျွန်း...

သူ့ဂျွန်းဂျွန်းကိုလက်ဖောင်းဖောင်းသေးသေးလေးတွေနဲ့ဖက်ပီးအိပ်ပျော်သွားတယ်...မိဘတွေမှာတော့အချင်းချင်းဖက်ပီးအိပ်ပျော်နေတဲ့ကလေးတွေကိုလာချောင်းကြည့်ရင်းပြုံးပီးပြန်ဆင်းသွားကြတယ်လေ...

🐑🐑🐑

sj-ဂျွန်းဂျွန်း...

အသံတိုးတိုးလေးနဲ့လှုပ်နှိုးနေတာပေါ့...အခုမှအချိန်ကည၁နာရီပဲရှိသေးတယ်လေ...

sj-ဂျွန်းဂျွန်းလို့!!!!

စိတ်မရှည်ပဲအော်လိုက်တော့တယ် တော်သေးတာပေါ့ လူကြီးတွေကအောက်ထပ်မှာအိပ်လို့...

nj-ဟင်...ဟင်..သိုးလေး ဘာဖြစ်လို့လဲ

sj-ရှူးရှူးပေါက်ချင်လို့...ဟီးး

ချစ်ဖို့ကောင်းအောင်ရယ်ပီးပြောလာတော့လဲသူ့ကိုနှိုးတာကိုစိတ်မဆိုးတော့ပါဘူးလေ...

nj-လာ ကိုကို့လက်ကိုကိုင်...

ပိုကိုပိုတယ်...သူလဲသေချာလိုက်လုပ်ပေးပီးကုတင်ပေါ်လာပြန်အိပ်လိုက်ကြတာပေါ့

Our Love StoryWhere stories live. Discover now