1

102 1 0
                                    

အချိန်ကား ည ၁၂နာရီခွဲ

မင်းခတ်လွင်တစ်ယောက် အလုပ်တွေအကုန်လုပ်ပြီးသွားတာမို့ အညောင်းအညာပြေ အိပ်ရာပေါ်လှဲနေရင်း Facebook Newfeed ကိုအပေါ်ဆွဲအောက်ဆွဲလုပ်နေသည်။

" ပျင်းလိုက်တာကွာ၊ အလုပ်ကလည်းမလုပ်ခင်သာ များတာ ပြီးသွားတော့လည်းခဏလေး ငါ့နှယ် ရယ်တောင်မရယ်နိုင်တော့ပါဘူး "

ပျင်းစရာကောင်းလွန်းသောကြောင့် Facebook ကြည့်နေရင်း ညည်းညူမိသည်။ မင်းခတ်လွင် ညည်းညူလို့အပြီးမှာပဲ Facebook က Notification ဝင်လာသည်။ မင်းခတ်လွင် ဝင်ကြည့်လိုက်တော့ Friend Request တစ်ခုဖြစ်နေသည်။

" Luke Lily ဆိုပဲကလေးလေးပဲနေမှာပါ။ "

Request လေးအား မင်းခတ်လွင် ဂရုမစိုက်စွာ ဒီအတိုင်းထားလိုက်သည်။သို့သော်လည်း အပြောနှင့်အလုပ်မညီစွာ ထိုအကောင့်လေးအား ဝင်ကြည့်နေသည်။

" ဟ "

အကောင့်ထဲက ဝင်မွှေနေတုန်း မြင်လိုက်ရတဲ့ ပုံတစ်ပုံကြောင့် ကြောင်အန်းအန်းဖြစ်သွားရသည်။

အင်္ကျီမပါပဲ အောက်က သဘက်တစ်ထည်ကို ခါးတွင်ထုံးချည်ထားကာ မှန်ရှေ့မှာရပ်နေပြီး ခန္ဓာကိုယ်ကောက်ကြောင်းကအစ သေးသေးသွယ်သွယ်ဖြစ်နေသလို ခါးကိုကော့ထားတာကြောင့် အနောက်ဘက်ကလုံးထွက်နေသည့်အရာများက မင်းခတ်လွင်အား စိတ်ထဲမရိုးမယွဖြစ်စေသည်။

" ဒီကောင်လေး မဆိုးဘူးဟ ပလေးချင်စရာလေး အဟက် "

ခပ်ထူထူမျက်ခုံးများနှင့် သွားဖြူဖြူများပေါ်သည်အထိ ရယ်လိုက်သည့်အခါ ပေါ်လာတဲ့ ပါးချိုင့်ခပ်သေးသေးက မင်းခတ်လွင်အား လူအများသဘောကျစေသည့်အချက်ပင်။မင်းခတ်လွင် ရယ်ကျဲကျဲနှင့် ပုံကို Zoom In Zoom Out လုပ်ကြည့်နေသည်။

" အာ..မေ့နေတာ ဝင်ကြည့်သင့်တာ Feature ကိုဝင်ကြည့်ရမှာ။ "

မင်းခတ်လွင် ထိုကောင်လေး​​၏ Feature ထဲကိုဝင်ကြည့်လိုက်တော့ စိတ်ထဲဒိုင်းခနဲ။

ရထားတွဲလို တစ်သီတစ်တန်းကြီးကိုမှ Sexy ဆန်ဆန်ပုံတွေချည်းတန်းစီနေတာမို့ စိတ်ထဲ မကောင်းသည့်အတွေးအချို့ဝင်လာသည်။ကိုယ့်အကြောင်းကိုယ်သိသူမို့ ထိုနေရာမှာပဲ ရပ်ကာ Wall ထဲကပြန်ထွက်ပြီး Friend Accept လုပ်လိုက်သည်။

မောင် Where stories live. Discover now