သွင်မင်းခန့် အကိုကြီးလို့ထင်ရတဲ့သူတစ်ယောက်ကို Add လိုက်ပြီး Wall ထဲ ဝင်မွှေလိုက်သည်။စစချင်း Photo တွေထဲဝင် တစ်ပုံချင်း Zoom In Zoom Out လုပ်ကြည့်ပြီး သဘောကျတဲ့ ပုံအချို့ကို Save လိုက်သည်။
နောက်ပြီး Feature က မကြည့်မဖြစ်ကြည့်ရမှာမို့ တစ်ပုံချင်းစီသာတင်ထားသည်။တစ်ပုံချင်းစီဆိုသော်လည်း Six Pack ပုံတွေနှင့် ယောက်ျားဆန်ဆန် ပုံတွေသာတင်ထားတာမို့ Ss မသိမသာ ခိုးရိုက်လိုက်သည်။
" မ ပလေးပဲ အတည်သာကြိုက်လိုက်ချင်တယ် "
သွင်မင်းခန့် Feature ကိုအခေါက်ခေါက်အခါအခါ ဝင်ကြည့်ပြီး ပုံတစ်ပုံကို စာပို့လိုက်သည်။ သွင်မင်းခန့် စာပို့လိုက်သော်လည်း တစ်ဖက်မှ Seen တော်တော်နှင့် မပြတာမို့ စိတ်ထဲတစ်မျိုးဖြစ်သွားသော်လည်း ပလေးခံဖြစ်လာမည့် သူ့ကို ပြုံးပြုံးလေးသာထိုင်
စောင့်နေသည်။သွင်မင်းခန့် ဆိုတာ ငယ်ငယ်ကတည်းက လက်ကျောတင်းတင်းလုပ်တတ်တာဘာမှမရှိ။ မိဘတွေက စိန်ကုန်သည်သူဌေးတွေဖြစ်ပြီး ချမ်းသာတာကြောင့် အေးအေးလူလူသာနေနေကျဖြစ်သည်။အခုလည်း အသက်သာ ၂၃ နှစ်ရောက်လာတယ် ရည်းစားအယောက်၂၀ မှာ တစ်ယောက်မှ နှစ်နှစ်ပြည့်အောင် မတွဲခဲ့။အယောက် ၂၀လုံးကလည်း ဥစ္စာပေါ၊ရုပ်ချော၊ လော်ကောကောင်းပြီး သက်လုံကောင်းကြပေမယ့် သွင်မင်းခန့်ကိုချစ်တာမဟုတ်ပဲ sex လုပ်ချင်ကြရုံသာတွဲကြတာမို့ ကိုယ့်ဘက်ကချည်း ဖြတ်ပစ်တာချည်းသာ။
" မိုက်ရင် ကြိုက်လား "
" အံမယ် အထာတွေပေးနေတာပေါ့လေ ဒါမျိုးမှ
သွင်မင်းခန့်တို့ကကြိုက်တာ "
ခပ်တိုးတိုးရေရွတ်လိုက်ပြီး စာပြန်လိုက်သည်။" ကြိုက်တာပေါ့ ဟီးဟီး "
သွင်မင်းခန့် ဟိုဟို ဒီဒီနှင့် စကားစပြောတိုင်း ဟိုဘက်က seen အပြနှေးသည်။သို့သော် ဘာမှမဖြစ်ပါဘူးလေ တစ်ချိန်ကျရင် ကိုယ်ပလေးတာခံရမယ့်သူပဲဟာကို။
" အကို့အသက်က 25 နော် "
" မဟုတ်ရပါဘူးဗျာ..နောက်လမှ 20 ပြည့်မှာ "
ထိုစာကို တွေ့တွေ့ချင်း သွင်မင်းခန့် အံ့ဩမိသွားသည်။ မိမိတောင် 22 နှစ်ဖြစ်နေပြီ သူက 20 ဆိုတော့ မထင်မှတ်ပဲ မောင် ရခဲ့တဲ့သဘောလား။