သွင်မင်းခန့် သူငယ်ချင်းဖြစ်သူနှင့် Photo Shooting လုပ်ရန်ချိန်းထားသောကြောင့် ၇ နာရီထဲက နိုးနေသည်။ နိုးနိုးချင်း မနေ့ညက ရင်ခုန်အောင်လုပ်သွားတဲ့ မောင့်ဆီကို Massage လှမ်းပို့လိုက်သည်။ဟုတ်သည် " မောင် " သူမသိအောင်ပေးထားတဲ့ နာမ်စားလေး...
" Morning အကို "
စာလေးတစ်ကြောင်းပို့ပြီး ဖုန်းကိုချကာ အပြင်သွားရန် ပြင်ဆင်လိုက်သည်။ တစ်ကိုယ်လုံး အညိုဝတ်ထားပြီး AJ အနီလေးကို စီးထားသည်။သွင်မင်းခန့်သည် အရပ်ပုတာကြောင့် ဘောင်းဘီအရှည်က အောက်ကိုပုံကျနေသည်။
အရပ်ပုပု သေးသေးကွေးကွေးဖြစ်နေတာကြောင့်ပဲ အသက် 23 ဟုပြောလျှင် မည်သူမှ မယုံကြတာဖြစ်မည်။
အကုန်ပြင်ဆင်ပြီး ကားမောင်းရန်ကားပေါ်တက်ကာ ခါးပတ်ပတ်ပြီးကာမှ မောင့်ကို ဖုန်းခေါ်လိုက်သည်။တစ်ခြားတော့မဟုတ် အသံလေးကြားချင်၍သာ...
" Hello "
" Hello အကို ခန့်လေးပါ "
မောင်နဲ့ ဖုန်းပြောနေရချိန်မှာဆိုရင် အလိုလိုကို ရင်ခုန်လာတတ်သည်။ အခုလည်း စကားပြောမလို လုပ်နေတုန်း လက်သည်းကိုက်နေမိပြန်သည်။ဟင်း....Nail Saloon သွားရအုံးမှာပေါ့။
" ဪ...ခန့်လေး ပြောလေ အကိုအလုပ်သွားတော့မလို့ "
အလုပ်သွားမယ်ဆိုတော့ သွင်မင်းခန့် စိတ်ထဲ နှောက်ယှက်မိပြီလားလို့ သွင်မင်းခန့်မဟုတ်သလိုပင် တွေးမိသေးသည်။သွင်မင်းခန့် တွဲလာတဲ့ သူအတွေအကုန်လုံး တစ်ခါမျှပင် ဒီလို မတွေးဖူးသေး။ သူ့ဘာသာသူ ဘာကြီးပဲလုပ်နေပါစေ " သွင်မင်းခန့် ကို ရအောင်အချိန်ပေးရမယ် " အဲ့သလိုသဘောနဲ့ချည်းနေခဲ့သည်က များသည်။
" အကို အလုပ်သွားတော့မယ်ဆိုတော့ ဘာအလုပ်လုပ်တာလဲဟင်။ "
" အကိုက ကုမ္ပဏီဝန်ထမ်းလေ "
" အာ...ဟုတ်ဟုတ် ဒါဆို ပြင်ဆင်ရမှာမို့လား ခန့်လေး မနှောက်ယှက်တော့ပါဘူး "
သွင်မင်းခန့် စိတ်ထဲက တစ်ကယ်ပင်အားနာနေမိသည်။ ဘာလို့များ ဒီလို အားနာနေရသလဲ ကိုယ်တိုင်ပင်တွေးမရတာကြောင့်လည်း စိတ်တိုမိသည်။