Part 6

1.1K 71 2
                                    

အချစ်ရှိတဲ့ နေ့ရက်တွေက သာယာလှပတယ်ဆိုတာ ယုံတမ်းစကားတွေမှ မဟုတ်ခဲ့ဘဲ......

ကိုကို့ရဲ့အချစ််တွေ၊ ယုယမှုတွေအောက်မှာ ကျွန်တော် တကယ်ကို နေပျော်ခဲ့ပါတယ်......

အရင်ကထက်ပိုတဲ့ ပွင့်လင်းမှုတွေ ရင်းနှီးမှုတွေနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်နေ့ရက်လေးတွေက သိပ်ကိုလှပခဲ့တယ်......

တစ်ခါတစ်ရံ ကျွန်တော့်ဖက်က အချစ်လွန်မှုတွေကြောင့် သဝန်တိုပြီး ကတောက်ကဆဖြစ်ရတာလေးတွေက လွဲရင်ပေါ့လေ...... အဟဲ..ဒါလည်းကျွန်တော့်ဘက်က အလွန်မှန်းသိပါတယ်......
သိပေမယ့်လဲ သဝန်တိုတတ်တဲ့စိတ်ကြီးကို ဘယ်လိုမှ ဖျောက်ပစ်လို့မရဘူး.....ကျွန်တော်က ကိုကို့ကို တအားချစ်လွန်းတာမို့.......

ညစာစားပြီး Sunghoon တစ်ယောက် ပန်းကန်တွေဆေးကြောနေစဉ် ဧည့်ခန်းထဲက TV ဆီမှထွက်လာတဲ့ အသံတွေကြောင့် ဆေးလက်စ ပန်းကန်တွေကိုထားခဲ့ကာ ဧည့်ခန်းဆီအမြန်ပြေးလာရသည်။

" ဟား..ဟား...ဟား.....ကိုကို့ ဘာလို့ပြေးထွက်လာတာလဲ ဖြေးဖြေးလာလဲ ရရဲ့သားနဲ့ ဟား..ဟားး"

Sunoo ကတော့ဖြင့် သူ့အဖြစ်ကိုကြည့်ကာ အားရပါးရ အော်ရယ်နေတော့သည်။

"yar....ကလေးနော် ဒါ ကိုကိုကြောက်မှန်းသိလို့ တမင်စတာပေါ့လေ ဟုတ်လား"

"ဟဲဟဲ မရည်ရွယ်ပါဘူး ကိုကိုရယ်....ကလေးက အခန်းထဲမဝင်ချင်သေးလို့လေ အဲဒါ TV ကြည့်မယ်ဆိုပြီး ဖွင့်လိုက်တာပါဗျ"

"အော့...အဲဒါ အဲ့လောက်အသံအကျယ်ကြီးနဲ့ ဖွင့်လိုက်စရာလား....အညစ်လေးနော် တစ်နေ့တစ်နေ့ မဂျစ်ရရင် ညစ်မယ်ဆိုတာကြီးပဲ တကယ် တကယ် မရိုးရဘူး ခင်ဗျားလေးက"

"ဟင် ကိုကိုကလဲ သရဲကားကြည့်တာ ညစ်တာကျလို့ ကလေးက ကြိုက်လို့ကြည့်တာကို.. ကိုကိုရော တူတူမကြည့်ဘူးလား"

"မကြည့်ချင်ပါဘူး ပြန်ပိတ်လိုက် အသံအကျယ်ကြီးနဲ့ လူကြားလို့မှ မကောင်း ကျောချမ်းစရာကြီး"

"ဟား..ဟား...ပြောတော့ဖြင့် မကြောက်ဘူးဆို အသံကျယ်ကျယ်ဖွင့်လိုက်ရင်ကို သူ့မှာပြေးပြေးလာပြီး အတင်းပိတ်ခိုင်းနေရတာ"

My SunshineWhere stories live. Discover now