Part 14

844 68 11
                                    

တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲမှာ အေးစက်စက်အငွေ့အသက်တွေနဲ့ မလှုပ်မယှက်ထိုင်နေကြတဲ့သူ သုံးဦး.....

ဆိုဖာပေါ်မှာ လက်ပိုက်ကာ ခြေချိတ်ပြီး မျက်နှာထားတည်တည်နဲ့ ထိုင်နေတဲ့ သူရယ်....

တစ်ယောက်လက်ကိုတစ်ယောက် မြဲ​မြဲဆုပ်ကိုင်ကာ ခေါင်းလေးတွေ ငုံ့ထားကြတဲ့ ကောင်လေးနှစ်ယောက်ရယ်.....

သေချာပေါက် ကောင်ငယ်လေးရဲ့ မျက်ဝန်းမှာ အရည်ကြည်လေးတွေ ဝေ့သီလို့ပေါ့.....

ဟင့်အင်... ကျေးဇူးပြုပြီး ကျွန်တော်မကြားရဲတဲ့ စကားတွေ မပြောလိုက်ပါနဲ့ တီလေးရယ်.... ကျွန်တော်ဆုပ်ကိုင်ထားတဲ့ ဒီလက်တစ်ဖက်ကို လွှတ်ပေးလိုက်ဖို့ သတ္တိတွေ ကျွန်တော့်မှာ မရှိလို့ပါ......နွေးထွေးလုံခြုံတဲ့ ဒီရင်ခွင်နဲ့သာ ဝေးရရင် ကျွန်တော် သေလိမ့်မယ်....

ဆုပ်ကိုင်ထားမိတဲ့ လက်ဖဝါးလေးတစ်ဖက်ရဲ့ တုန်ရီနေမှုကို ခံစားမိလိုက်တဲ့ Sunghoon မှာ အင်အားတွေ ရရှိစေဖို့ရာ ခပ်တင်းတင်းဖိညှစ်ပေးလိုက်မိသည်....နူးနူးညံ့ညံ့ လက်ဖဝါးနွေးအိအိလေးမှာ ချွေးစေးလေးတွေတောင် စို့နေပါရော

သေချာပေါက် သူ့ကလေးလေး စိုးရိမ်စိတ်တွေများနေပြီဆိုတာ သူ သိတာပေါ့.... ဒါကြောင့်ပဲ ဒီတိတ်ဆိတ်နေမှုကြီးကို စတင် ဖြိုခွင်းလိုက်မိတော့သည်။

" မေမေ... ဒါ ဘယ်လိုအခြေအနေကြီးလဲ "

" ဘယ်လိုအခြေအနေကြီးလဲ ဟုတ်လား သား.... ဒါ မေမေက မေးရမဲ့ မေးခွန်းမဟုတ်ဘူးလား"

" မေမေ မေးမယ်ဆိုရင်လဲ သားတို့က ဖြေပေးမှာပါ ခုဟာက ဘာမှလဲ မမေး မပြောနဲ့ ဒီလိုကြီး တိတ်ဆိတ်နေတာ မေမေ့ပုံစံမှ မဟုတ်ဘဲ "

" ဒါဆို သား ကရော... သားပုံစံမဟုတ်တာတွေ ဘာလို့ လုပ်ထားရတာလဲ.... ဒီလို အခြေအနေ ဒီလိုဆက်ဆံရေးတွေအထိ ဖြစ်နေတာကို ဘာလို့ မေမေ့ကို ဖုံးကွယ်ထားရတာလဲ.... သားအတွက် မေမေက အဲ့လောက်တောင် အရေးမပါတဲ့ လူတစ်ယောက် ဖြစ်နေပြီလား သား"

" ဟို... ဟိုလေ... တီလေး..."

တုန်ရီတိုးညှင်းစွာ ထွက်လာတဲ့ ခေါ်သံတိုးတိုးလေးနဲ့အတူ မေမေ့ရှေ့ကိုသွားကာ ဒူးထောက်ထိုင်ချလိုက်တဲ့ Sunoo.....

My SunshineWhere stories live. Discover now