"နယ်ခံ ဆေးရုံတွေနဲ့ ဆက်သွယ်ပြီး နယ်ဘက်ဆင်းမယ့်ကိစ္စတွေကို Dr.Jake က ဦးဆောင်ပေးစေချင်တယ်"
"ဟိုလေ ကျွန်တော် တစ်ခုလောက်ပြောလို့ရမလား Professor "
"ပြောပါ Dr.Jake ဘာပြောချင်တာလဲ"
"နယ်ဆင်းမယ့်ကိစ္စမှာ ကျွန်တော်တို့ team က Dr တွေကို လူခွဲပြီး လွှတ်မယ်လို့ ကြားထားလို့လေ.. ကျွန်တော် Seoul မှာပဲ ကျန်နေခဲ့ချင်ပါတယ် Professor "
" ဘယ်လိုကြောင့်များလဲ Dr.Jake "
"ကျွန်တော် ဒီမှာ လုပ်စရာကိစ္စလေးတွေ ရှိနေလို့ပါ "
" Dr.Jake.... အရင်ကဆို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ မရောထွေးတတ်ပါဘူး.... ပေးလာတဲ့တာဝန်ကို မငြင်းဘဲ အမြဲတမ်း တာဝန်ကျေအောင် လုပ်နေကျမလား "
" ဟုတ်ပါတယ် Professor... ဒါပေမယ့် ကျွန်တော့်ကို ဒီတစ်ခါတော့ ခွင့်ပြုပေးစေချင်ပါတယ် ကျွန်တော့်အတွက် အရမ်းအရေးကြီးလို့ပါ.... Please Professor "
Professor က မျက်မှန်ကို ကျော်ကာ စူးစမ်းသလိုအကြည့်မျိုးနဲ့ ကြည့်လာသည်။ ပြီးမှ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ...
" ကောင်းပြီလေ ရှိစေတော့...နောက်တစ်ခါတော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ မရောထွေးပါစေနဲ့ Dr.Jake"
" ခုလိုခွင့်ပြုပေးလို့ ကျေးဇူးပါ Professor... ကျွန်တော် ဒီမှာနေခဲ့မယ်ဆိုပေမယ့် နယ်ဆင်းမယ့်အဖွဲ့တွေအတွက်လဲ လိုအပ်တာ အားလုံး စီစဉ်ပေးလိုက်မှာပါ"
" ဟုတ်ပါပြီ... ကဲ သွားလို့ရပါပြီ Dr.Jake "
Professor ဆီမှ ခွင့်ပြုချင်ရတာနဲ့ ခါးကိုညွှတ်ကိုင်းပြီး ခေါင်းငုံ့၍ အရိုအသေပေးကာ Professor ၏ နားနေခန်းထဲမှ ထွက်လာခဲ့သည်။ တံခါးနားရောက်ခါနီးမှ Professor က...
" Jake " ဟု လှမ်းခေါ်သောကြောင့် ပြန်လှည့်ကြည့်လိုက်ရာ
" ဘာကိစ္စပဲလုပ်လုပ် ကိုယ့်ကိုကိုယ်တော့ မထိခိုက်စေနဲ့ သား.... Uncle စိတ်ချချင်တယ်"
" စိတ်ချပါ Uncle... ကျွန်တော် Uncle စိုးရိမ်စေရမယ့် ကိစ္စမျိုး ဘာတစ်ခုမှ မလုပ်ပါဘူး "
ထိုအခါမှ စိတ်ချသွားဟန်ဖြင့် အေးချမ်းသောအပြုံးနှင့် ပြုံးပြကာ ခေါင်းငြိမ့်ပြလေသည်။
YOU ARE READING
My Sunshine
Fanfictionကလေးက ကိုကို့အတွက် လိုအပ်ချက်ဆိုတာ မရှိတော့လောက်အောင် ပြည့်စုံလွန်းတဲ့သူ...