ဓနိတန်းက ကောင်လေး(၁)

140 6 1
                                    

"ဓနိတန်းရွာ"

ရွာအဝင်အဝဆိုင်းဘုတ်ရှေ့တွင် ခရိးဆောင်အိတ်တစ်လုံးကိုဘေးချကာရပ်နေတဲ့ကောင်လေးတစ်ယောက်
ရွာထိပ်ကနေ မတ်တတ် ရပ်၍ တစ်ယောက်ယောက်ကို စောင့်မျှော်နေဟန်

ထိုအချိန် ရွာလမ်းလေးမှ သူရှိရာသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့
နွားလှည်းလေးတစ်စီး

နွားလှည်းမောင်းသူနေရာမှထိုင်၍
သူ့ဆီ တစ်ဖြေးဖြေးနီးကပ်လာတဲ့ လူကို
စ်ိုက်ကြည့်နေမိတယ်
ယောက်ျားလေးတစ်ယောက်အနေနဲ့
ပြီးပြည့်စုံတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ကောင်လေးကအသားညိုညိုနဲ့
စွတ်ကြယ်လက်ပြတ်ကိုသာ ဝတ်ထားတာမို့ မြင်နေရတဲ့လက်မောင်းကြွက်သားများကမနာလိုချင်စရာ ဒီလိုချောင်ကျကျကျေးရွာလေးမှာဒီလောက်ပြီးပြည့်စုံတဲ့လူကိုတွေ့ရလိမ့်မယ်လို့ထင်မထားခဲ့ဘူး

နွားလှည်းပေါ်ကနေပြုံးပြနေတဲ့ကောင်လေးရဲ့သွားနှင့်နှုတ်ခမ်းများက​တော့ကွမ်းယာရဲ့အစွမ်းကြောင့်​အနီဘက်သန်းနေလေရဲ့
ထိုကောင်လေးရဲ့မျက်နှာကအေးချမ်းလွန်းလှတယ်
အနားရောက်တာနဲ့ပြုံးနေတဲ့ကောင်လေးကနွားလှည်းပေါ်ကအလျှင်အမြန်ဆင်း၍
ဘေးမှအိတ်အားဆွဲကာ
အဖြူစင်ဆုံးမျက်လုံးများနှင့်စိုက်ကြည့်၍
အချိုသာဆုံးအပြုံးများ​ဖြင့်ဆိုလာသည်

"ဆရာလေးစောင့်နေတာကြာပြီလား ကျုပ် နောက်ကျသွားတယ် ထင်တယ် တောင်းပန်ပါတယ် ဆရာလေး"

"နောက်မကျပါဘူး ကျွန်တော်လည်းအခုမှ ရောက်တာပါ ကောင်လေးက ဒေါ်ကြီးတင့်လွှတ်လိုက်တာလား"

"ဟုတ်တယ်ဗျ
ဆရာလေးက မတ်တက်ရပ်စောင့်နေတာ မြင်တော့ကျုပ်နောက်ကျသွားပြီထင်နေတာ တော်သေးတာပေါ့
သွားကြရအောင် အိမ်မှာ အရီးတင့် စောင့်နေတယ်"

ပြောရင်း အိတ်ကိုယူကာ အရှေ့ကထွတ်သွားတဲ့ကောင်လေးရဲ့နောက်ကိုလိုက်၍နွားလှည်းပေါ်တက်လိုက်တယ်

ကျွန်တော်က ဒီရွာလေးကို စာသင်ဖို့ တာဝင်အရပြောင်းလာတဲ့ ကျောင်းဆရာလေးပါ
ကျွန်​​​တော့်နာမည်က ခွန်းဆက်ရှိန်
ရွာကျောင်းလေးတွေက မပြည်စုံဘူးဆိုပေမဲ့
ကျွန်တော်ကတော့ အခုလိုမျိုး တစ်ရွာပြီးတစ်ရွာခရီးထွက်ရင်းနဲ့ပဲ ကလေးလေးတွေကိုစာသင်ပေးရတာသဘောကျတယ်

ဓနိတန်းက ကောင်လေးWhere stories live. Discover now