ဓနိတန်းက ကောင်လေး(၄)

32 4 0
                                    


"ကောင်လေး"

ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့
ကောင်လေးရဲ့မျက်နှာကြောင့်
အတော် လန့်သွားတယ်
အမြဲတမ်း အေးချမ်းနေတဲ့
ကောင်လေးရဲ့ မျက်နှာက
အခုတော့ဖြင့် ဒေါသရိပ်တွေအပြည့်နဲ့
ညီညာသော မျက်ခုံးတန်းတွေက
အလယ်မှာ စုနေလိုက်တာများ
တစ်ခုနှင့်တစ်ခု ထိကပ်တောမြည့်အလား
နူးညံ့စွာ ပြုံးတက်တဲ့ နှုတ်ခမ်းပါးတွေက
အခုတော့ဖြင့် တင်းတင်းစေ့လျက်
အခုလို ကောင်းလေးရဲ့ပုံစံမျိုးကို
တစ်ခါမှ မမြင်ဖူးခဲ့တော့
အတော် ထိတ်လန့်သွားတယ်

ကောင်လေးက ကိုယ့်ဘက်
လှည့်ကြည့်နေတုန်း ေမြပြင်ပေါ်ကျနေတဲ့
သူကြီးသားက ထလာပြီး
ကောင်လေးကို ထိုးဖို့ရွယ်လိုက်တဲ့အချိန်မှာ
နာနေတဲ့ခြေ​ထောက်ကို ဂရုမစိုက်နိုင်ဘဲ
ကောင်လေးရှေ့ကနေ ပိတ်ရပ်လိုက်တယ်

"ခင်ဗျား သူ့ကိုဘာမှလုပ်စရာမလိုဘူး"

ကိုယ့်ကို ဘာလုပ်လုပ်ရပေမဲ့
ကောင်လေးကိုတော့ အထိခိုက်မခံနိုင်ပါဘူး

"ဘာ!!! မင်းး
သူ့ကို ကာကွယ်ပေးနေတယ်ပေါ့

"ဟက်....
မင်းတို့နှစ်ယောက်လဒီနေ့
ငါ့အပေါ်  ပြုမူခဲ့တာတွေ အတွက်
​ကျိန်းသေ နောင်တရစေရမယ်
ဒီမှာ ဆရာလေး
သေချာမှတ်ထား.... ကျုပ်ကလေ....
ခက်ခဲတယ် ဆိုတဲ့....အရာကိုမှ
ပိုပြီးလိုချင်တာ....
ေနာက်တစ်ခေါက် ထပ်တွေ့ကြတာပေါ့
ဆရာလေးရယ်"

ပြောပြီး ထွက်သွားတဲ့ သူကြီးသားကိုကြည့်ပြီး
ဒီနေရာမှာတင်ပဲ လဲကျသွားတယ်
ဒီ့ထပ်ပိုပြီး မရပ်နိုင်တော့ဘူး
ခြေထောက်ကလည်း စီးကျနေတဲ့
သွေးတွေက မတိတ်နိုင်သေးဘူး

ကောင်လေး ကတော့
သူဝတ်ထားတဲ့ ခပ်နွမ်းနွမ်း အင်္ကျီစအား
ဖြဲကာ သူ့ခြေထောက်ကအနာကို
သွေးတိတ်စေရန် စည်းပေးလေတယ်
အခုထိ စုနေတဲ့မျက်ခုံးတွေအရ
ကောင်လေးက ေဒါသမပြေသေးတဲ့ပုံပဲ

ရုတ်တရက် သူ့ကို ဒူးအောက်ကနေပွေ့ချီလိုက်တဲ့
ကောင်လေးကြောင့် ယောင်ယောင်မှားမှားနဲ့
ပခုံးကို ဖတ်လိုက်မိသွားတယ်

"ကောင်လေး"

သူခေါ်တာကို ကောင်လေးကလှည့်တောင်မကြည့်လာပါဘူး ဒေါ်ကြီးတင့်အိမ်ကိုသာ
​ခြေလှမ်းကြဲကြီးတွေနဲ့
ဆက်လျှောက်သွားနေတယ်

ဓနိတန်းက ကောင်လေးWhere stories live. Discover now