ဓနိတန်းက ကောင်လေး(၆)ဇာတ်သိမ်းပိုင်း

47 3 0
                                    


တစ်ပတ်ကြာပြီးနောက်

\ဓနိတန်းရွာ\

ရွာအဝင်ဆိုင်းဘုတ်လေးရဲ့ အောက်မှာ ရွာလမ်းမကြီးကို ငေးကြည့်နေတဲ့ ကောင်​လေးတစ်ယောက်
သူ့ရဲ့ မျက်ဝန်းထဲမှာတော့ မျက်ရည်စတွေနဲ့ပေါ့
လက်ထဲမှာ ေသွးစွန်းနေတဲ့ စာရွက်လေးကို ဆုတ်ကိုင်ရင်း ငိုကျွေးနေ​လေရဲ့

ဒီနေ့ ဒီနေ့က ကောင်လေးရဲ့
ရုပ်အလောင်းကို ဂူသွင်းမဲ့နေ့
ကိုယ် မသွားဖြစ်ခဲ့ဘူး
ကောင်လေးရဲ့ နောက်ဆုံး ခရီးကို
ကိုယ့်ကြောင့် စိတ်မဖြောင့်မှာစိုးလို့ပါ
ကိုယ် ငိုမိလိမ့်မယ်
ကောင်လေးကို ဆွဲထားမိလိမ့်မယ်
ကိုယ် လက်လွှတ်နိုင်မှာမဟုတ်ဘူး
ကောင်​လေးကို စိတ်ဖြောင့်ဖြောင့်နဲ့
ဘဝကူးစေချင်တယ်

တကယ်တော့ ကောင်လေး
အခုလို ဖြစ်ရတာ ကိုယ့်ကြောင့်
ကော​င်လေး နေရာမှာလေ
ကိုယ်သာ ဖြစ်လိုက်ချင်တယ်
ကောင်​လေးက ဘာအပြစ်မှမရှိတဲ့
ဖြူစင်တဲ့ ကလေးတစ်ယောက်ပါ
ကိုယ့်ကြောင့် ကိုယ့်ကြောင့်သာ
အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရတာ
ဟိုလူယုတ်မာကိုတော့ ရဲတွေဖမ်းမိသွားပီ
နောက်တစ်ပတ် စီရင်ချက်ချမယ်တဲ့
ကိုယ်လေ ကောင်လေးရဲ့ နောက်ကို
လိုက်သွားဖို့ ဆုံးဖြတ်ခဲ့သေးတယ်
ဒါမဲ့ ကောင်လေးနောက်ဆုံး​ ပြောခဲ့တဲ့
စကားက "မသေပါနဲ့ ဆရာလေး" တဲ့

ဟုတ်တယ် ကိုယ်သေလို့မဖြစ်ဘူး
ကောင်လေးရဲ့ အသက်လဲပြီး
ကာကွယ်ပေးခဲ့တဲ့ ကိုယ့်ရဲ့အသက်
လွယ်လွယ်နဲ့ သေလို့မဖြစ်ဘူး
ကောင်လေးရဲ့ နောက်ဆုံးစကားကို
နားထောင်ရမယ် ကိုယ်အသက်ရှင်နေပြီး
ကောင်လေး ခေါင်းချခဲ့တဲ့ ဒီရွာလေး
ေကာင်လေးရဲ့ ဇာတိ​မြေဖြစ်တဲ့
ဒီရွာလေးအတွက် ကိုယ်အတက်နိုင်ဆုံး
ပံ့ပိုးကူညီပေးရမယ်
ကောင်လေးအတွက် ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ပေးရမယ်
ကိုယ်ဆက်ပြီး ရှင်သန်သွားရမယ်
ကောင်လေးအတွက်ပဲ​ ဖြစ်ဖြစ်ပေါ့

ဒီရွာအဝင်လမ်းလေးက ကောင်လေးနဲ့
ပထဆုံးတွေ့ခဲ့တဲ့နေရာလေး
ကိုယ်မြတ်နိုးစွာ သဘောကျခဲ့မိတဲ့
ကောင်လေးရဲ့ နူးညံ့တဲ့ အပြုံးလေးကို
စတွေ့ခဲ့ရတဲ့ နေရာလေး

ဓနိတန်းက ကောင်လေးWhere stories live. Discover now