အပိုင်း-၃

14 0 0
                                    

               ချည်​နှောင်ခွင့် ပြု​ပေးပါ
စာလုပ်​နေရင်းဖိုးထူးမှ"ကျောင်းပိတ်ရက်ဘာသင်တန်း​တွေတက်ကြမှာလည်းငါ့​ကောင်​တွေ"

"ပိတ်ရက်က၁၀ရက်ထဲဆို​တော့ဘာသွားတက်လို့ရမှာလည်းကွသက်တန့်မင်း​ရောဘာတက်မလည်း"ပြည့်စုံရဲ့အ​မေးကို

"ငါက​တော့အိမ်မှာ အ​မေနဲ့အမ​တွေရဲ့ အလုပ်ကိုဝိုင်းကူရမယ်ကွDelivery သမား​ချော​ချော​လေးကိုလမ်းမှာ​တွေ့ရင်ငါပဲ"

​"Lol"ထ​အော်လိုက်တဲ့သ​ကောင့်သား​တွေ​​ကြောင့်ဘေးကဖြတ်သွားဖြတ်လာတွေ​တောင်ဝိုင်းကြည့်တယ်

"ဟုတ်တယ်​လေငါ့လို​ချော​ချော​လေးက ဝန်​ဆောင်မှု​ပေးမှာ​ကို"

"လုပ်ပါ..​ကျောင်းပြန်တက်လို့အသား​တွေမဲလာမှထိုင်​အော်မ​နေနဲ့​နော်သက်တန့်"

"​ဟေ့​ကောင်ဖိုးထူးရာ..ကြည့်လိုက် ငါ့အသား​တွေမမဲတဲ့အပြင်အရင်က​ထက်​တောင်ပို​ချော​နေမှ မင်းတို့​တောင်​ငေးယူသွားရမယ်"

"အယ်မယ်အ​ပြောက​တော့မိုး​ပေါ်ကမဆင်းဘူး"

"ဘယ်ဆင်းမလည်း​မောင်​မောင်ပြည့်စုံရ..ငါ့အမ​တွေ​ပြောတဲ့ skincare ​တွေ
လုပ်မှာ​မို့​ပေါ့ကွ"
         "ဟားဟားဟားဟားး"

ကြည့်ရ​သေးတာ​ပေါ့ကွာဆိုတဲ့အမူအရာ​တွေနဲ့ဟို နှစ်​ကောင်က​တော့ကျန်ခဲ့ကြပြီ

"တကယ်​တော့ကျောင်းပိတ်ရက်ကို​ပျော်မ​နေဘူးဖြစ်​နေတယ် ဘာလို့လည်း​တော့ကျွန်​တော်မသိဘူး ​ဆောင်း​လေ​အေးမှာကျွန်​တော်ရဲ့ဘဝက​တော့ ​ခြောက်​သွေ့​နေ​တော့မယ်ထင်ပါတယ်"
                
               ■■■■■■■■■■

ဒီလိုနဲ့စာ​မေးပွဲ​နောက်ဆုံး​နေ့ကို​ရောက်လာခဲ့ပြီ

"ပြည့်စုံ ဘယ်လိုလည်း "

"ဘာကိုလည်းဖိုးထူးရ အစမရှိအဆုံးမရှိ .."

"ဟာ လဒူ​ကောင် ဒီအချိန်​မေးတာဘာအ​ကြောင်းဖြစ်မယ်ထင်လို့လည်း မင်းအခန်းထဲက ကြမ်းပိုးမကြီး ခ​လေး​မွေးတာကို​မေးတယ်ထင်​နေတာလား"

"ဖိုးထူးရာ ​ပြောလည်း​ပြောတက်တယ်"

"ငါပဲ​ပြော​တော့မယ် စာ​မေးပွဲကိုအ​ကောင်းဆုံးဆုရ​အောင်​ဖြေနိုင်တယ်"

သံ​​ယောဇဥ်လက်ကျန်အချစ်Where stories live. Discover now