အပိုင်း-၆

11 1 0
                                    

အကို့ရဲ့မရှိမဖြစ်​လေးဖြစ်ချင်လိုက်တာ♡

    ​ဟေ့​​​ကောင် အဖျားက ၁၀၂နော် ​ဆေးခန်းသွားမှဖြစ်မယ်​နော်မဟုတ်ရင် မင်းထပ်အပူတက်လာရင်သတိလစ်​တော့မယ်  မဟုတ်ရင်လည်းဆရာဝန်သွားပင့်လိုက်မယ်ကွာ​နော်
ဖိုးထူးကအ​တော်စိတ်ပူ​နေပြီး​ပြော​နေခြင်းဖြစ်တာကို သူ့ အပြုအမူကြည့်တာနဲ့သိသည်။
ဖင်ကြမ်းမကျ​တော့ဘူး ဘာလုပ်ရမယ်လည်းသူမသိ​တော့ဘူး..ဒီအချိန် ​ရေဇလုံယူပြီးအခန်းထဲဝင်လာတဲ့ ပြည့်စုံကတစ်ချက်ကြည့်ပြီး
   "မင်းဂနာမငြိမ်အမာစိန်လုပ်မ​နေနဲ့ လုပ်စရာရှိတာလုပ်လို့ရတာ​လေးလုပ်ကြည့်ရ​အောင်လာ
ငါ့ကိုလာကူ" ဆိုပြီး သူ့လက်ထဲက​ရေဇလုံကို
ဖိုးထူးအားကမ်း​ပေးပြီးအခန်းပြင်ပြန်ထွက်ကာ​ရေခဲ​သေတ္တာထဲက ​ရေခဲ အချို့ သွားယူလာကာ ကုတင်​ဘေးဝင်ထိုင်လိုက်တယ်
"င​ပေတုန်း"
"ကိုကိုပြည့် ကလည်း ​နေမ​ကောင်းတဲ့သူကို အမည်နာမအသစ်​တွေလာ​ပေး​နေတယ် 
အဟင့်အ​မေနဲ့အမတို့​ရေ သားကို ဒီသ​ကောင့်သား နှစ်​ယောက်အနိုင်ကျင့်​နေပါတယ်ဗျို့"
​နေမ​ကောင်းဖြစ်​ပြီးအသံမထွက်နိုင်ဘူးတဲ့ ဒါလားအသံမထွက်နိုင်တာ ခွေးသားလေး ပြောစကားကျနားမထောင်ဘူး ဘူးလိုက်တာလည်းသူ့အပြင်မရှိဘူး
...ငါမပြောချင်ဘူးနော်..ဟွန်း..ဟွန်း..
ဟာ.ပြည့်စုံရာ ခေါင်းကိုက်ရတဲ့အထဲ ငါ့အမအပျိုကြီးကျနေတာပဲ ပွစိပွစိနဲ့ ..
အေး.ငါလည်း မမကြီးကိုသာလှမ်းအကြောင်းကြားလိုက်ချင်တယ်..သိရဲ့လား
  ဖိုးထူးတောင် ဘာမှမပြောဘူး..မင်းကအမြှပ်ထွက်မတက် လာပြောနေလိုက်..
  "အမ် ဘယ်ရောက်သွားပြီလည်း ဖိုးထူး"
  "လမ်းထိပ်ကဆရာဝန်သွားပင့်တယ် အကိုတော်"
" ဟာ ဘာလို့သွားပင့်တာလည်း ငါဆေးမထိုးချင်ဘူးလေးကွာ "
  ခေါင်းကိုက်နေတာတောင်ဘယ်ဆီပြေးမှန်းမသိပြေးသွားတော့သည်
  "ဆေးမထိုးလို့ရမလား..မင်းဟာက အတော်ပူနေတာကို "
  "ဟေ့ကောင် ဘာကပူတာလည်း"
အခန်းတံခါးနားက ဖိုးထူးရဲ့ အလန့်တကြားအသံ
ကြောင့် ကြည့်မိလိုက်ရာ..ဖြူလွှလွှ အရိပ်လေးတခု နောက်ကကပ်ပါလာတာကိုမြင်လိုက်ရပြီးသကာလ .. အသံတိတ်သွားလို့ပြန်ကြည့်တော့
သကောင့်သား သန့်တံ့ တစ်ယောက် သူမဟုတ်သလို
အသံတိတ်မေ့မြောသွားပါတော့တယ်
  

သံ​​ယောဇဥ်လက်ကျန်အချစ်Where stories live. Discover now