Ch1.1 {Z+U}

1.3K 168 14
                                    


#For zawgyi

ကျိုးရုံရုံတစ်ယောက် စောင်ကိုခေါင်းမြီးခြုံလိုက်ပြီးနောက် အမှောင်ထုကြီးအောက်တွင်ထွက်ပေါ်လာသော ဖုန်းမီးအလင်းရောင်လေးဖြင့် နံပါတ်တသီတတန်းကြီးကို ရှော့ခ်ရစွာဖြင့်စိုက်ကြည့်နေမိသည်။ထို့နောက် ပါးစပ်အပြည့်တံထွေးများမျိုချကာ ပြန်လည်ရေတွက်လိုက်သည်။

ခု ဆယ် ရာ ထောင် သောင်း သိန်း တစ်ဆယ်သိန်း တစ်ဆယ်သန်း ....တစ်ဆယ်မီလီလျံ

ကိုးဆယ်မီလီလျံ!!!

သူမရူးသွားတာများလား? ဒါမှမဟုတ်လည်း သွေးလေခြောက်ခြားနေတာဖြစ်ဖြစ် အိပ်မက်မက်နေတာဖြစ်ဖြစ် တစ်ခုခုများလား?ဒီလောက်ပမာဏရှိတဲ့ငွေကြေးတွေဆိုတာ သူမဘဝတစ်လျှောက်လုံး ရူပဗေဒပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်ခဲ့ရင်တောင် ရဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ့။ သူမရဲ့လက်ကို စိတ်လှုပ်ရှားမှုကြောင့် ရင်ဘတ်ထဲမှာပြင်းပြင်းထန်ထန်ခုန်ပေါက်နေတဲ့ နှလုံးသားလေးပေါ်မှာတင်လိုက်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူမလက်ချောင်းတွေနဲ့ ဖုန်းစခရင်ကိုအပေါက်နီးပါးဖြစ်အောင်ထိုးကာ တစ်လုံးချင်း တစ်လုံးချင်း ထပ်မံရေတွက်ပြန်တော့သည်။
1million, 10million,90million!!!!
အဲတာကပျောက်မသွားဘူးဟ!!သူမတိတ်တိတ်လေးသာ အော်ဟစ်ပစ်ချင်မိသည်။ ကြည့်ရတာဒီလိုကြီးမားလှတဲ့ငွေပမာဏကို ကျိုးမိသားစုက အရံဇာတ်ကောင်လေးကို လျော်ကြေးပေးတဲ့အနေနဲ့ဖြုန်းတီးပစ်လိုက်တာဖြစ်မယ်။

လွန်ခဲ့တဲ့တစ်နာရီခန့်က ကျိုးရုံရုံတစ်ယောက် ဒီစာအုပ်ထဲကိုမယုံနိုင်စရာကောင်းလောက်အောင် ဝိညာဉ်ကူးပြောင်းလာခဲ့တယ်ဆိုတာ ဘုရားပဲ့သိလိမ့်မယ်။ သူမက 'မျိုးရိုးလှည့်စားမှု' ဆိုတဲ့ဝတ္ထုကိုဖတ်ပြီးရုံသာရှိသေးတယ်။ သူမနဲ့ နာမည်ရော မျိုးရိုးနာမည်ပါတူတဲ့အရံဇာတ်ကောင်အဖြစ် ကူးပြောင်းလာခဲ့သည်။

ဒီဝတ္ထုအကြောင်းပြောရမယ်ဆိုရင် ကျိုးရုံရုံကအခုထိ ကြိမ်းမောင်းဆဲဆိုချင်နေတုန်းပင်။ ဒီလိုခွေးသွေးဆန်တဲ့ဝတ္ထုမျိုး ဒီကမ္ဘာပေါ်မှာရှိနေသေးတာလား။ ဒီဝတ္ထုကိုဖတ်နေတဲ့အတောအတွင်းမှာ မင်းသွေးအန်နေရလိမ့်မယ်ဆိုပေမဲ့ အငမ်းမရဖတ်ချင်နေတုန်းပဲ့ဖြစ်လိမ့်မယ်။ မင်းက တစ်ညလုံးဝတ္ထုကိုဖတ်ပြီး သူတစ်ပါးရဲ့နာကျင်မှုမှာသာယာတတ်တဲ့သူဖြစ်လာခဲ့ရင်တောင်မှ ရပ်တန့်လို့ရမှာမဟုတ်ဘူး။ ဒီဝတ္ထုက အဲ့လိုအမျိုးအစားပဲ့။

ပြန်လည်မွေးဖွားလာတဲ့ဆန်ကုန်မြေလေးတွေကခွင့်လွှတ်ပေးဖို့ငိုပြီးတောင်းပန်နေကြတယ်Where stories live. Discover now