Ch6{Z+U}

727 146 10
                                    


#For zawgyi

ရှီမိသားစုရဲ့နောက်ခံကလုံးဝကိုကြီးမားလှပြီး ဒုတိယကတော့ကျိုးမိသားစုဖြစ်ကာ ဒီမိသားစုနှစ်စုဟာအရင်တည်းကသူငယ်ချင်းတွေဖြစ်ကြတာကြောင့် သူမမမွေးဖွားခင်မှာ မိသားစုကသူတို့ကလေးတွေကိုလက်ထပ်ပေးဖို့ဆုံးဖြတ်ခဲ့ကြသည်။အခြားစကားနဲ့ပြောရရင် သူမရဲ့မိသားစုကကျိုးရုံရုံရဲ့မိသားစုဖြစ်သင့်သည်သာမက ဒီရှီဇီထန်းနဲ့စေ့စပ်ထားတဲ့သူကလည်း ကျိုးရုံရုံသာဖြစ်သင့်ပေသည်။

ဒီအချိန်မှာ စာမေးပွဲစတင်သည်မှာ ၈မိနစ်လောက်ကြာသွားပြီဖြစ်သည်။ ရှီဇီထန်းကလက်တစ်ဖက်နဲ့ဘောပင်ကိုကိုင်ထားပြီး သူ့ရဲ့မျက်ခုံးတွေကအနည်းငယ်တွန့်နေကာ အလွန်တရာစိတ်လွတ်နေသလိုဖြစ်နေပြီး သူဘာတွေးနေလဲဆိုတာဘယ်သူမှမသိပေ။

မန့်ရှီရွှမ်းက မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ပေ။

ပြီးခဲ့တဲ့နှစ်ရက်လုံး ရှီဇီထန်းတစ်ယောက်ဘာတွေဖြစ်နေလဲဆိုတာ သူမမသိပေ။သူနဲ့စကားပြောတဲ့အချိန်မှာလဲ သူ့စိတ်ထဲမှာအတွေးတွေပြည့်နေသလိုမျိုး သူကအမြဲတမ်းအာရုံမစိုက်ခဲ့ဘူး။သူမကိုကြည့်တဲ့သူ့ရဲ့အကြည့်တွေကလည်း ထူးဆန်းတဲ့အကြည့်တွေဖြစ်ပြီး အဲဒီအကြည့်တွေထဲမှာ ခါးသီးတဲ့ခံစားချက်အနည်းငယ်ရယ် ဒေါသအနည်းငယ်ရယ်နဲ့ ကောင်းကောင်းဖုံးကွယ်ထားတဲ့လျစ်လျူရှုမှုတွေတောင်မှပါနေခဲ့သည်။

သူမကမကောင်းတာတစ်ခုခုဖြစ်လာတော့မယ်လို့စိတ်ထင့်နေပေမယ့် အဲဒီစိတ်ထင့်မှုကဘယ်နေရာကလာတာလဲဆိုတာ သူမမပြောနိုင်ပေ။

ဒီမနက်က ကော်ရစ်တာမှာတွေ့တဲ့သူမရဲ့မောင်ငယ်လေးကျိုးဇီယုရဲ့မျက်လုံးတွေမှာလဲ လွန်ခဲ့တဲနှစ်ရက်ကရှီဇီထန်းရဲ့အကြည့်တွေနဲ့ လုံးဝထပ်တူကျတဲ့အကြည့်တွေရှိနေခဲ့သည်။သူမက အနည်းငယ်ငေးကြောင်ကြောင်ဖြစ်သွားရသည်။

မန့်ရှီရွှမ်းက သူမရဲ့မျက်ခုံးတွေကိုမတတ်နိုင်စွာပွတ်သပ်လိုက်မိသည်။ကြည့်ရတာ ပြီးခဲ့တဲ့နှစ်ရက်လုံးသူမကောင်းကောင်းမနားခဲ့ရတာကြောင့် သူမရဲ့အတွေးစိတ်ကူးတွေကလည်း စည်းလွတ်ဘောင်လွတ်ဖြစ်လာတာပဲ့ဖြစ်မယ်။သူမရဲ့အတွေးတွေကိုပြန်ရုပ်သိမ်းလိုက်ပြီး စာမေးပွဲအဖြေလွှာပေါ်မှာပဲ့အာရုံစိုက်ကာ အကောင်းဆုံးဖြေဖို့ကြိုးစားလိုက်သည်။

ပြန်လည်မွေးဖွားလာတဲ့ဆန်ကုန်မြေလေးတွေကခွင့်လွှတ်ပေးဖို့ငိုပြီးတောင်းပန်နေကြတယ်Where stories live. Discover now