Ch2{Z+U}

813 145 7
                                    


#For zawgyi

ကျိုးဇီယု ထပ်ပြီးရှည်ရှည်ဝေးဝေးမတွေးရဲတော့ဘူး။ သူ အဲဒီအကြောင်းတွေပိုပြီးတွေးလေလေ အသက်မရှူနိုင်တော့လောက်အောင်ခံစားရလာလေပဲ့။

ူသူရဲ့အကြည့်တွေက ကျိုးရုံရုံကုတင်ဘေးမှာတင်ထားတဲ့ ဘယ်ချိန်ကမှန်းမသိအေးစက်နေပြီဖြစ်သောအဖြူရောင်ဆန်ပြုတ်ကိုမှ ဘာအဆာပလာမှမပါဘဲပလိန်းဖြစ်နေတဲ့ပန်းကန်လုံးဆီကိုရောက်သွားခဲ့သည်။ လူတစ်ယောက်က အဲတာကြီးကိုဘယ်လိုစားနိုင်မှာလဲ? သာမန်လူတွေအတွက်တောင် မျိုချဖို့ခက်ခဲနေတဲ့ဟာ... အနည်းဆုံးတော့ ဒုတိယအစ်မကအခုချိန်ထိ အားနည်းတဲ့လူနာဖြစ်နေတုန်းလေ။

ကျိုးမိသားစုရဲ့အစေခံတွေက အတွင်းရေးဇာတ်ကြောင်းကိုမသိကြပေ။သူတို့က ကျိုးမိသားစုမှာရုတ်တရက်ပေါ်လာတဲ့ ကျိုးရုံရုံဆိုသောကလေးမက တရားမဝင်ကလေးတစ်ယောက်ဖြစ်လိမ့်မယ်လို့ထင်ကြတဲ့အတွက် သူတို့ကလျှို့ဝှက်စွာအထင်သေးခဲ့ကြသည်။ အေးစက်နေတဲ့စားစရာအကြွင်းအကျန်တွေဆိုတာ အံ့သြစရာမရှိတော့ပေ။ အရင်ဘဝမှာတုန်းက အဲဒီအကြောင်းကိုသူမသိခဲ့တာတော့မဟုတ်ပေမယ့် ဂရုမစိုက်ချင်ခဲ့ရုံလောက်သာဖြစ်သည်။သို့ပေမယ့်လဲ အခုချိန်မှာတော့ သူ့နှလုံးသားထဲကနေပြီးမဖော်ပြနိုင်လောက်အောင်ဒေါသတွေ ထွက်ပေါ်လာခဲ့သည်။သူအလျင်အမြန်လမ်းလျှောက်ပြီးထွက်လာလိုက်တယ်။

အခုချိန်က မနက်အစောကြီးဖြစ်တဲ့အတွက်စားဖိုမှူးဝမ် အိမ်အကူကျန်းနဲ့အခြားအစေခံနှစ်ယောက်ဟာ မနက်စာအတွက်ချက်ပြုတ်ပြင်ဆင်နေခဲ့ကြတယ်။သူတို့က သခင်ငယ်လေးနဲ့မမလေးတို့အိပ်ရာကထလာတာကို စောင့်နေကြတာဖြစ်သည်။ မစ္စကျိုးက မစ္စတာကျိုးနဲ့အတူလွန်ခဲ့တဲ့နှစ်ရက်ခန့်က နိုင်ငံခြားကိုခရီးထွက်သွားပြီး အခုချိန်ထိပြန်မရောက်သေးဘူးဆိုပေမယ့် သူတို့ဟာမနက်စာကိုလျစ်လျူမရှုရဲတဲ့အတွက် ပုံမှန်အတိုင်းဟင်းပွဲများစွာကိုပြင်ဆင်ထားကြသည်။

ပေါင်မုန့်မီးကင် ဆူရှီ အသားကင် ပြောင်းဖူးစွပ်ပြုတ်စသဖြင့် သူတို့တွေးနိုင်သမျှပြင်ဆင်ထားတဲ့အတွက် အကြီးဆုံးမမလေးနဲ့သခင်ငယ်လေးက သေချာပေါက်ကိုကြိုက်ကြလိမ့်မယ်။

ပြန်လည်မွေးဖွားလာတဲ့ဆန်ကုန်မြေလေးတွေကခွင့်လွှတ်ပေးဖို့ငိုပြီးတောင်းပန်နေကြတယ်Where stories live. Discover now