"ဟုတ်တယ် ကိုယ့်မှာ ၁၅ နှစ်အရွယ် သမီးတစ်ယောက်ရှိတယ် ဇနီးလဲ ရှိတယ်"ဥက္ကာ စကားသံတွေက ကြေကွဲမှုကြောင့် အဖျားခက်လျှက်
အာကာတစ်ခွင် သက်မနွေးနွေးကို ရှိုက်ရင်း
"ပြောပါ အစ်ကို ဖြစ်ချင်တာကို"
"ကိုယ်ဖြစ်စေချင်တာကတော့ ကိုယ့်သမီး နဲ့ ကိုယ့် ဇနီး အနားမှာ မင်းကို ခဏ ရှိစေချင်တယ်"
"ဗျာ"
တစ်ခွင် မျက်လုံးပြူးကာ မယုံနိုင်ဖြစ်ရလေသည်
"ဆိုလိုချင်တာကတော့ကွာ ကိုယ့် ဇနီးနဲ့ ကိုယ့် အခုချိန်မှာ အဆင်ပြေမနေဘူး အဲ့တော့ သမီးနဲ့ သူကို ထောက်ပံ့ချင်တာတောင် ထောက်ပံ့လို့ မရတဲ့ အနေအထား အခုအနေအထားက"
တစ်ခွင် သဘောပေါက်ဟန်ဖြင့်
"ရပါတယ် ကျွန်တော် ကူညီပါမယ်"
တစ်ခွင် စကားကြောင့် ဥက္ကာ အားတက်သွားကာ
"ကျေးဇူး တကယ်တင်ပါတယ် ညီရယ်"
တစ်ခွင် ပြုံးလိုက်ပြီး
"ရပါတယ် ညီ ကိုတွေပဲ"
ဟုတ်ပါသည်
တစ်ခွင် အတွက်တော့ အစ်ကိုဟာ အစ်ကို အရင်းတစ်ယောက် နှင့် မခြားခဲ့ပေ
တစ်ခွင် ဘဝကို အကောင်းဆုံး လမ်းပြပေးခဲ့သူ မဟုတ်ပါလား~~~~
။ ။နွေရာသီ ကျောင်းပိတ်ရက်မို့ လွမ်း မေမေကို အိမ်အလုပ်တွေ ကူလုပ်ပေးနေမိလေသည်
"ဟော လွမ်းလေးက တော်ဝင်အတွက် အတော် အားကိုးနေရပြီပဲ"
အိမ်ထဲသို့ ဝင်လာသော ယုယ က အဝတ်တွေ လှန်းနေသော လွမ်းကို တွေ့၍ ပြောလိုက်ခြင်းပင်
လွမ်း ဆရာမ အသံကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး
"ဆရာမ မမေဆေီ လာတာလား"
"ဟုတ်တယ် သမီး"
"မေမေ အိမ်ထဲမှာ ဆရာမ"
"အော် အေးအေး"
တော်ဝင်ကို အခြားရက်တွေမှာ တွေ့ဖို့ မလွယ်ပေ
တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မို့သာ တော်ဝင်နှင့် တွေ့ဖို့ အဆင်ပြေလေသည်
YOU ARE READING
တော်မဝင်သည့်တော်ဝင်ပန်း
Romanceသိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက် ဥက္ကာမောင်/တော်ဝင်နန်း/မေယုယ အကြောင်းအရာတစ်ခုကြောင့် ဥက္ကာမောင်နှင့် တော်ဝင်နန်း လက်ထပ်ဖြစ်ခဲ့သည့် အခါ အချစ်ဆုံး သူငယ်ချင်းကနေ အမုန်းဆုံး ဖြစ်သွားတာလေး အချစ်ဆိုတာ တန်ပြန်သက်ရောက်မှု ရှိနိုင်ပါဦးမလား🥺🥺🥺