ဥက္ကာ စိတ်တွေ ဆောက်တည်ရာမရ ဖြစ်ကာ တော်ဝင်ရှိသည့် နေရာသို့ ထပ်မံရောက်လာခဲ့လေသည်
အချိန်က မှောင်ရီပျိုးစ အချိန်
အိမ်ထဲဝင်လာသော သူခြေလှမ်းတွေက ဧည့်ခန်းတွင်သာ ရပ်တန့်သွားရလေသည်
မျက်ဝန်းတွေ ရွေ့လျှားကာ ရှာမိသည့်က တော်ဝင်ကိုပင်သို့ပေမယ့် မတွေ့မိ
ခဏမျှ ကြာမှ အိမ်ခြေရင်း ဘက်မှ ထမီလေးရင်လျှားကာ ခန္ဓာကိုယ် အပေါ်ပိုင်းအား သဘက်လေး ပတ်ကာ ရေချိုးပြီး ပြန်တက်လာသော တော်ဝင်ကို တွေ့လိုက်ရတော့ သူ မျက်ဝန်းတွေ အရောင်လတ်သွားရလေသည်
"ဟင် ဥက္ကာ"
တော်ဝင် ဥက္ကာကို တွေ့လိုက်ရသဖြင့် မျက်ဝန်းတွေ ပြူးကာ အံ့သြခြင်းများစွာဖြင့် ရှက်စိတ်တွေ ရောထွေးကုန်ရလေသည်
"တော်ဝင်"
ဥက္ကာ ညို့ယူခံရသူ အလား သူမ အရှေ့ လျှောက်လာတော့
"နင် အဲ့မှာနေ ငါ အဝတ်အစားလဲလိုက်ဦးမယ်"
သူ အရှေ့မှ လျှင်မြန်စွာ အခန်းထဲ ပြေးဝင်သွားသော
သူမ ကို သူကြည့်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိလေသည်တော်ဝင် အဝတ်အစားလဲပြီး အိမ်အပြင်ထွက်ရန် လှည့်လိုက်စဥ် အခန်းထဲ ဝင်လာသော သူကို တွေ့လိုက်ရတော့ မျက်လုံးပြူးကာ
"နင် နင် ဘာဝင်လုပ်တာလဲ ဥက္ကာ"
သူက စကားတစ်လုံးမှ မပြောလေဘဲ သူမ အရှေ့ကို တိုးကပ်လာလေတော့
"ဟဲ့ နင် နင် ငါ့အရှေ့မတိုးလာနဲ့နော် ဥက္ကာ"
တော်ဝင် အရှေ့သို့ တရွေ့ရွေ့ တိုးလာသော ဥက္ကာကြောင့် တော်ဝင် နောက်ဆုတ်ရင်း ရေရွတ်လိုက်မိခြင်းပါ
"ငါ နင်ကို ချစ်ကြည့်ချင်တယ် တော်ဝင်"
"အို!"
သူ မျက်ဝန်းတွေက ရီဝေဝေ
သူအကြည့်တွေက အချစ်အခိုးအငွေ့တွေ ပြည့်လျှံလျှက်တော်ဝင် အရှေ့တွင် ရှိနေသည့်က သူ၏ ရင်ခွင်ကျယ်ကြီး
သူ မျက်နှာက သူမ ကို ငုံ့မိုးကြည့်လျှက်
YOU ARE READING
တော်မဝင်သည့်တော်ဝင်ပန်း
Romanceသိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက် ဥက္ကာမောင်/တော်ဝင်နန်း/မေယုယ အကြောင်းအရာတစ်ခုကြောင့် ဥက္ကာမောင်နှင့် တော်ဝင်နန်း လက်ထပ်ဖြစ်ခဲ့သည့် အခါ အချစ်ဆုံး သူငယ်ချင်းကနေ အမုန်းဆုံး ဖြစ်သွားတာလေး အချစ်ဆိုတာ တန်ပြန်သက်ရောက်မှု ရှိနိုင်ပါဦးမလား🥺🥺🥺