တော်ဝင် အထည်ချုပ်စက်ရုံ အလုပ်မှာ ထွက်ကာ ရပ်ကွက်ထဲမှာ တစ်နိုင်တစ်ပိုင် လက်သုတ်စုံ နှင့် ဟင်းအနည်းငယ်ချက်ရောင်းသည့် အလုပ်ကို လုပ်ခဲ့လေသည်
စက်ရုံမှ ထွက်ခဲ့ခြင်းမှာ စက်ရုံပိုင်ရှင် စိုးသီဟ ဆိုသော တဏှာရူးကြောင့်ပင်
တော်ဝင်အား ရိတိတိ စကားတွေ ပြောကာ သူဘက်ပါလာအောင် သိမ်းသွင်းနေခြင်းကြောင့် သူမ အလုပ်ထွက်လိုက်ခြင်းပင်
လက်ထဲ စုထားသော ငွေအနည်းငယ်ဖြင့်သာ သူမ ခြေလှမ်းအသစ်ကို စခဲ့လေသည်
"အစ်မ အသုတ်စုံ ၁ပွဲ"
အသုတ်လှမ်းမှာသော သူကို ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ် သားသားနားနား စီးလာသည့် ကားက အကောင်းစား
"ဟုတ်ကဲ့ ခဏစောင့်နော်"
အာကာ ခုံအလွှတ်တစ်ခုမှာ ဝင်ထိုင်ရင်း ထိုအစ်မကို ငေးကြည့်မိလေသည်
ဝိုး ~~~~~
သိပ်လှသည့် အမျိုးသမီး
ရင့်ကျက်တည်ငြိမ်သော အမျိုးသမီး
ဘဝကို သိက္ခာရှိရှိ ဖြတ်သန်းနေသော အမျိုးသမီး
မိခင်ပီသသော အမျိုးသမီး
နွမ်းလျှနေသော မျက်နှာလေးထက် အပြုံးဝေကာ သိပ်ချစ်စရာ ကောင်းသည့် အမျိုးသမီး
ကျွန်တော် ရင်အစုံကို လှုပ်ခက်စေသော အမျိုးသမီး
ထိုအမျိုးသမီးက တော်ဝင်နန်း ဆိုသော အစ်ကို၏ အမျိုးသမီးပင်
ခက်ပြီ ကျွန်တော် နှလုံးခုန်သံတွေကို ထိန်းချုပ်ဖို့ လိုနေချေပြီ
ကျွန်တော် သိလိုက်တာက အမကို ကျွန်တော် ချစ်၍ မဖြစ်ခြင်းပင်
"ရပြီနော်"
အစ်မ၏ အသံချိုချိုလေးကို ကြားမှ သူ သတိလက်လွှတ်ငေးနေမိသည့်ကို သတိရပြီး ကိုယ့်ဖာသာ ရှက်ပြုံးပြုံးမိလိုက်လေသည်
"အော် ဟုတ်ကဲ့ အစ်မ"
တော်ဝင် ကောင်လေးရဲ့ အကြည့်တွေကို မကြိုက်ချင်
စူးရဲလွန်းသည့် အပြင် သူမကို ဘာသဘောဖြင့် ကြည့်နေသည့်ရယ် မသိ
YOU ARE READING
တော်မဝင်သည့်တော်ဝင်ပန်း
Romanceသိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက် ဥက္ကာမောင်/တော်ဝင်နန်း/မေယုယ အကြောင်းအရာတစ်ခုကြောင့် ဥက္ကာမောင်နှင့် တော်ဝင်နန်း လက်ထပ်ဖြစ်ခဲ့သည့် အခါ အချစ်ဆုံး သူငယ်ချင်းကနေ အမုန်းဆုံး ဖြစ်သွားတာလေး အချစ်ဆိုတာ တန်ပြန်သက်ရောက်မှု ရှိနိုင်ပါဦးမလား🥺🥺🥺