အပိုင်း(၁)

1.1K 51 0
                                    

Unicode

"နန်း"

"ရှင် ဒေါ်လေးဆွေ"

"‌ေ‌ဒါ်လေးရဲ့ ရောဂါ အခြေအနေကြောင့် ဒေါ်လေး တခုခု ဖြစ်ခဲ့ရင် ဒေါ်လေးရဲ့ ဒိုင်ယာရီ စာအုပ်လေးထဲ က အတိုင်း လိုက်နာ လုပ်ဆောင်နော် သမီး"

"ဟုတ်ကဲ့ပါ ဒေါ်လေးဆွေ"

ပြောပြီးချင်းမှာပဲ မျက်လုံးများ မှိတ်ကာ ထာ၀ရ အနားယူသွားတဲ့ ဒေါ်လေး ငယ်ငယ် ထဲက မိဘတွေ ဆုံးပါးသွားတဲ့ နောက်ပိုင်း ဒေါ်လေးဆွေကပဲ နန်း ကို စောင့်ရှောက်လာခဲ့တာ အခု ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားရမယ့် အချိန်ရောက်ပြီ..

ဒေါ်လေးဆွေ ပြောတဲ့ အတိုင်း ဒိုင်ယာရီ စာအုပ်လေးကို ဖွင့်ကြည့်တော့..

~ သမီးလေး နန်း

ဒေါ်လေးမရှိတော့တဲ့ နောက်ပိုင်း ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်အောင် ကြိုးစားပါ ဒေါ်လေးတို့ ရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ မမလေး ထားရီ က သမီးလေး ကို ကူညီနိုင်လိမ့်မယ် သူ့ကို အကူအညီတောင်းချင်ရင် မန္တလေး မှာ မေးမြန်းပြီး သွားပါ သူ့ကို မန္တလေး တမြို့လုံးနီးပါး သိပါတယ်~

ဒေါ်လေးဆွေ ပြောတဲ့ အတိုင်း ကျွန်မ မန္တလေးမြို့ကို လိုက်သွားပါတယ်..

နောက်ဆုံးတော့ မေးမြန်းစုံစမ်းပြီးလာတာ ရောက်ခဲ့ပြီ..

ပတ်၀န်းကျင်က တိတ်ဆိတ် သာယာနေရော ပဲ..

အိမ်ကြီးက ခန့်ခန့် ညားညား ကြီးပဲ စံအိမ်‌နာမည်က "မြ" စံအိမ် တဲ့..

ခြံတံခါး၀ က ခေါင်းလောင်းလေးကို တီးလိုက်တော့ ခြံစောင့် ဦးလေးကြီးထင်ပါရဲ့ ပြေးလာတယ်..

"ကလေးမ ဘာကိစ္စရှိလို့လဲ?"

"ကျွန်မက ဒေါ်‌လေးဆွေရဲ့ တူမ ပါ မမလေး ထားရီ နဲ့ တွေ့ချင်လို့ပါ"

"မမလေးနဲ့ တွေ့ချင်တိုင်း တွေ့လို့မရဘူးကွ"

"ကျွန်မ ပြောစရာလေးရှိလို့ပါ"

"နေဦး အဲ့တာဆို ခနစောင့် ငါသွားပြောပေးမယ်"

"ဟုတ်ကဲ့ပါရှင့်"

ထားရီ ရဲ့ ကကြိုးWhere stories live. Discover now