အပိုင်း(၃)

415 31 0
                                    

Unicode

"မမလေး သွားမယ်လေ"

"အမ်း"

လူစည်ကားနေသော နေရာတခု ဈေးသည် မုန့်သည်များ စုံလင်တဲ့ အကြီးမားဆုံး ဈေး ဈေးချို တွင် ‌၀ယ်ချင်စရာတွေအလွန်များသည်။

"မမလေး နန်း ၀ယ်ပြီးပြီရှင့်"

"မုန့်စားဦးမလား"

"မစားတော့ပါဘူး"
လို့သာ ပြောတာ မျက်လုံးကတော့ အသုပ်စုံအသည်ဆီမှာပေါ့

"လာ"

နန်းလက်ကို ဆွဲကာ အသုပ်စုံသည် ဆီကို ခေါ်သွားတဲ့ ထားရီ..

"စားချင်တာမှာ"

"ဟုတ်ကဲ့"
နန်းရဲ့ မျက်နှာပေါ်က အပြုံးက လှလွန်းသည်။ ရယ်လိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်ရေးရေးလေး တွေမှာ လူကိုညို့ယူ တဲ့ စွမ်းအားများရှိနေသလား

"အဒေါ် ကျွန်မကို ထမင်းသုပ်ကို သင်္ဘောသီးနဲ့ အရောတပွဲ သုပ်ပေးပါနော် ချဉ်ငံစပ်လေး"

"မင်း အစပ်အဲ့လောက် မစားနဲ့လေ ဗိုက်နာမှာပေါ့"
စိတ်ပူလို့ ထွက်လာမိတဲ့ စကားတခွန်း..

"ရပါတယ် မမလေးရဲ့ နန်းက စားနေကျပါ"

နန်းစားတာလေးကို ထိုင်ကြည့်ရတဲ့ အရသာက ချွဲကြပ်လောက်တဲ့ အထိ ချိုမြိန်တယ်..

အပြန်မှာ နန်း မရောက်ဖူးသည့် နေရာတွေကို လိုက်ပို့ရင်း ဦးပိန်တံတားကို ရောက်လာတယ်။

ဦးပိန်တံတား အောက်က ကုက္ကိုလ်ပင်ကြီး ရဲ့ အရိပ်အောက္မှာ ထိုင်လိုက်ရင်း ညနေ နေ၀င်ဆည်းဆာနဲ့ ဦးပိန်တံတားကြီးအလှကို ထိုင်ကြည့်ရတာကို နှစ်သက်တယ်..

သို့ပေမယ့် ဦးပိန်တံတားကြီး ရဲ့ အလှက နန်း အလှလောက် မလှဘူး မာန နဲ့ လူလုပ်လာတဲ့ ကျွန်မက ထို မိန်းကလေး တယောက် အတွက်နဲ့ မာနတွေ ခဝါချကာ ချစ်
မိနေတယ်။

‌ကျွန်မ ရေဒီယိုလေးကို ထုတ်လိုက်ပြီး အချစ်သီချင်း လေး နားထောင်နေစဉ် နန်းက အဲ့သီချင်းလေးကို ကြား‌ရုံလောက် လေး လိုက်ဆို‌တော့ သီချင်းလေးက ပို၍ ပြည့်စုံသွားတယ်..

ထို ကုက္ကိုလ်ပင်ကြီး ရဲ့ အောက်က အမှတ်တရ တွေကတော့ မေ့လို့မရနိုင်ပါပဲ။

ထားရီ ရဲ့ ကကြိုးWhere stories live. Discover now