အပိုင်း(၄)

450 30 0
                                    

Unicode

မနေ့ညက ကျွန်မ မမလေး အကြောင်းစဉ်းစား ရင်း ညဉ့်နက္မှ အိပ်ပျော်ဖြစ်တယ်။

ကျောင်းတက်ရမှာ ဖြစ်တဲ့ အတွက် စောစော ထ ပြင်ဆင်ခဲ့တယ်။

ကျွန်မ မနက်စာစားဖို့ အခန်းထဲက ထွက်လာတော့ မမလေးက သတင်းစာ ကို ထိုင်ဖတ်နေပုံက ဈေးကြီး ပေး၀ယ်ရတဲ့ ပန်းချီကားချပ် ရဲ့ လက်ရာတောင် မမှီနိုင်တဲ့ အထိ လှပလွန်းတယ်။

မမလေးရဲ့ မျက်တောင် ရှည်လေးတွေ ၊ အသားရည် ဖွေးဖွေးလေးတွေ ၊ မြန်မာ ၀တ်စုံ၀တ်ထားတဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်လေး ၊ လက်သွယ်သွယ်လေးတွေ ၊ နှုတ်ခမ်းဖူးဖူးလေး မမလေး ရဲ့ အလှက ကမ္ဘာကျော် မင်းသမီးတွေ ရှုံးနိုင်တယ်။

ကျွန်မ မမလေးရဲ့ အလှမှာ ဘယ်လောက်ထိ နစ်မျော‌သွားလဲ မသိ မမလေး ခေါ်နေတာတောင် သတိမထားမိ။

“နန်း”

“ရှင် ပြောပါ မမလေး”

“ဘာတွေ စဉ်းစားနေလို့ တို့ပြောတာ မကြားရတာလဲ ဆိုပါဦး နန်း”

“ဘာမှမစဉ်းစားပါဘူး မမလေးရဲ့ နန်း အိပ်ချင်နေလို့ပါ” ဟုပြောပြီး ကျွန်မ မနက်စာ စားရန် မြန်မြန် ထွက်လာခဲ့တယ် မ‌ဟုတ်ရင် မမလေးရဲ့ အလှမှာ နောက်တချိန် နစ်မျောသွားမှာစိုးလို့။

မနက်စာ စားပြီးတော့ ‌မမလေးက ကျောင်းကို လိုက်ပို့ပေးတယ်။

ကျောင်း‌ကြီးက ခမ်းနားလိုက်တာ ကျောင်းသူ/သား များကလဲ များပြီး စည်ကားနေတာပဲ။
.
.
.
.
.
ကျွန်မ နန်းကို ကျောင်းလိုက်ပို့ ခဲ့ပြီး မြန်မြန် ပြန်ထွက်လာခဲ့တယ် ကျွန်မရဲ့ ရင်တွေက ထိန်းမရလောက်အောင် လှုပ်ခတ်နေတယ်။

နန်းက ယဉ်လွန်းပါတယ် မျက်နှာထား ရွှင်ပြီး ‌ဖြူစင်တယ် သူမက ပါတိတ် ၀မ်းဆက်ကို သပ်ရပ်စွာ ၀တ်ထားတယ် ကတီပါ ဖိနပ်လေးက သူမအသားအရည်လေး နဲ့ လိုက်ဖက်နေတယ်။

ကျွန်မ ရဲ့ ရေခဲရိုက်သလို အေးခဲနေတဲ့ နှလုံးသားကို ‌အရည်ဖျော်ကာ လှုပ်ခတ်စေခဲ့တဲ့ သူမ။

ကျွန်မ ဒီနေ့ သဘင်ကိစ္စဆွေးနွေးစရာ ရှိလို့ ‌ဦးကျော့မြိုင်ဆီသွားဖြစ်တယ်။

ထားရီ ရဲ့ ကကြိုးWhere stories live. Discover now