အပိုင်း(၂)

469 37 0
                                    

Unicode

ခြံထဲကလာတဲ့ တေးသီငှက်လေးတွေရဲ့ တွန်ကြူးသံလေးတွေကြောင့် ကျွန်မ နိုးလာခဲ့တယ်..

ပြင်စရာရှိတာပြင်ပြီး လုပ်စရာရှိတာ လုပ်ပေးဖို့ ‌ထွက်လာခဲ့တယ်..

"ကြီးကြီးနွယ်"

ကြီးကြီးနွယ်က ဒီအိမ်ကြီးမှာ နှစ်ပေါင်း ကြာအောင် အလုပ်လုပ်လာခဲ့တာ..

"သမီးလေး နိုးပြီလား"

"ဟုတ်နိုးပါပြီ ကြီးကြီးနွယ် နန်း ဘာလုပ်ပေးရမလဲ?"

"ကြီးကြီး ဘရားပန်းမလဲရသေးလို့ ကူလဲပေးပါဦးနော်"

"ဟုတ်ကဲ့ ကြီးကြီး"

ဘုရားပန်းလဲရန် အပေါ်ထပ်မှာရှိတဲ့ ဘုရားခန်းကို ရောက်လာခဲ့တယ်..
ဘုရားခန်းထဲကို ၀င်သွားတာနဲ့ အေးချမ်းမှုကို ခံစားရတယ်..
ဘုရားသည်လဲ အလွန်သပ္ပာယ် လှတယ်။

နှင်းဆီအနီရောင် ကို ဘုရားပန်းလဲပေးခဲ့ပြီး အောက်ဆင်းလာခဲ့တယ်..

"မ‌မလေး နိုးပြီ အားလုံးလူစုကြ"

အိမ်အကူ အမတယောက် က အလန့်တကြားအော်လိုက်တော့ အကုန်လူစုကြတယ်..

"နန်း မြန်မြန်လာ"

ကျွန်မကို ခေါ်နေတာမလို့ မြန်မြန်ပဲ တန်းစီလိုက်တယ်..

"ကောင်းသောနံနက်ခင်းပါ မမလေး"
အားလုံး သံပြိုင်နှုတ်ဆက်ရတယ်။

"လူကဒါအကုန်ပဲလား"

"ဟုတ်ပါတယ်မမလေး"

"နန်း အစည်းအဝေး အခန်းထဲကို ခနလာခဲ့"

"ဟုတ်ကဲ့ပါ မမလေး"

အစည်းအဝေးအခန်းထဲ ကိုကျွန်မလိုက်သွားလိုက်တယ် အခန်းကကျယ်တော့ စိတ်ကျဉ်းကျပ်ခြင်းမရှိဘူးပေါ့..

"မင်း တို့ဆီမှာ အလုပ်လုပ်စရာမလိုဘူး လိုအပ်ရင်တော့ ကူညီပေါ့ မင်းကိုတို့ ကျောင်းထားပေးမယ် နေစရာစားစရာပေးမယ် တို့စည်းကမ်းတွေကိုတော့ မင်းလိုက်နာရမယ် အဆင်ပြေလား"

"ပြေပါတယ် မမလေး"

"နောက်ပြီး တို့ ပွဲရှိရင် မင်းနောက်လိုက် အနေနဲ့လိုက်ရမယ်"

ထားရီ ရဲ့ ကကြိုးWhere stories live. Discover now