သူက ကျွန်တော့်အတွက် ပထမဆုံးချစ်သူ၊ ကျွန်တော်ချစ်တာကိုလက်ခံပေးတဲ့ ကျွန်တော့်ကို ပြန်ချစ်ပေးတဲ့ ပထမဆုံးမိန်းကလေးပါ။ အဖြေရတဲ့နေ့ကဆို ကျွန်တော် အရမ်းပျော်တယ်။ ညဘက်ကြီး ဘေးက သူငယ်ချင်း မျက်စိနောက်လောက်အောင် မြူးတူးနေခဲ့တယ်။ စိတ်ကူးယဉ်ထားတာတွေ တကယ်ဖြစ်လာတဲ့ ခံစားချက်က အပြင်လူ သိရင်တောင် သူတို့ မခံစားနိုင်ကြဘူးလေ။"အရမ်းချစ်တယ် သူရယ်" မနက် တိုင်း Message တစ်စောင်ပို့ပေးတယ်။ သူက ကျွန်တော့် မျက်စိထဲမှာ သွက်သွက်လက်လက်နဲ့ အရမ်းလျင်တာပဲ။ တစ်ခုခုဆိုသဘောပေါက်လွယ်တယ်။ အကောင်းမြင်တက်တယ်။ သူ့အတွက်က အရာအားလုံးစိတ်ပူစရာမလိုအောင် ဖန်တီးပေးထားသလိုပဲ။ တစ်ခါတစ်လေ ကျွန်တော်က နောက်တက်တယ်။
"သူ့အတွက် ကို့ကို ဖန်တီးထားတာလေ" ...
ဆိုပြီးပြောရင် သူက ရယ်တက်တယ်။ ပြီးရင် ပြုံးသွားတက်တယ်။ အဲ့လို ပြုံးလိုက်ရင် ကျွန်တော် ဘယ်လိုသဘောကျမှန်းမသိ သဘောကျတယ်။ သူရယ်နေရင်၊ သူပြုံးနေရင် ကျွန်တော် ကျေနပ်တယ်။ ချစ်သူ ဖြစ်တဲ့ နေကစပြီး ဆုံးဖြတ်ထားတာတစ်ခုရှိတယ်။
"ကျွန်တော် ကြောင့် သူ စိတ်မဆင်းရဲစေရဘူး"...
ဒီစကားကို သူနဲ့ ရှိနေတိုင်းပြောပြတယ်။ အမြဲတမ်းလဲ စဉ်းစားတယ်။ သူ့ကို ပျော်အောင် ဘယ်လိုလုပ်ရမလဲ။ သူပျော်အောင် ဘာလုပ်ပေးရမလဲ။ တစ်ခါတစ်လေ မှာ ကိစ္စ သေးသေးလေးကနေ ပြဿနာအကြီးကြီးတွေ တက်တဲ့အထိ ဖြစ်ကြတာတွေရှိတယ်။ တချို့သော ကိစ္စတွေက ဘာဆိုဘာမှ မဟုတ်တာကို လူတွေက သတိမထားမိပဲ ကိုယ်ချစ်တယ်လို့ ပြောထားတဲ့ သူကို ငိုအောင် လုပ်မိတက်ကြတယ်။
တစ်ခါတစ်လေ သူက စိတ်ကောက်တက်တယ်။ ဘာလို့ ကောက်တာလဲ ဆိုရင် ကောက်ချင်လို့ ကောက်တာတဲ့။ ကဲ....ဗျာ အာ့ဆိုလဲ ကောက်ပေါ့... လို့ ပြောလိုက်ရင် သေချာတယ်။ သူစိတ်ဆိုးသွားပြီ။ ချော့ပေရောပဲ။ တစ် ယောက်တစ်လှည့် ပြန် ချော့ရင်း နဲ့ ပိုပိုပြီး ချစ်လာတယ်။ ဖြတ်သန်းလာတဲ့ နေ့ တွေမှာ အမှတ်တရက နေ့တိုင်းလိုလိုပါပဲ။