သူနဲ့ ကျွန်တော် တစ်လ တစ်ခါလောက် နှစ် ယောက်အတူတူ ဘုရားကို သွားပြီး ဝတ်ပြုပူဇော်ကြတယ်။ ဘယ်ဘုရားပဲ ဖြစ်ဖြစ် တစ်ခါ လောက်တော့ အတူတူသွားဖြစ်အောင် သွားကြတယ်။ ရှေ့ဘဝ နောက် ဘဝ ကို ယုံကြည်ကြတဲ့ အတွက် ရှေ့အတိတ်ကံက အ ကြောင်းပါလာလို့ ဒီဘဝ မှာ ဆုံဆည်းကြတယ်။ နောင်လာဦးမယ့် ဘဝ တွေမှာလဲ သံသရာက နေ မကျွတ်မချင်း တော့ သူ နဲ့ ဆုံချင်တယ်။ ဆုံဖို့ရာလဲ ဘုရားမှာ အမြဲတမ်းဆုတောင်းတယ်။သူက ဘာဆုတောင်းတက်လဲ မမေးမိဘူး။ သူလဲ ပဲ ကျွန်တော့်လိုတောင်းမယ်လို့ ထင်မိပါတယ်။ တကယ်က အဲ့လိုပဲ တောင်းစေချင်တာပါ။ ကျွန်တော်က လောဘ အရမ်းကြီးတယ်။ ချစ်ရင် အရမ်းချစ်တက်ပြီး မုန်းရင် လှည့်မကြည့်ချင်အောင် မုန်းတက်တယ်။
ကျောင်းပိတ်ရက် တွေတွေ့ကြတဲ့အခါတိုင်း နေ့လည်စာကို သူ အရမ်း နှစ်သက် တဲ့ အင်းယား ကန်နားက စားသောက် ဆိုင်မှာ သွားစားရန် အကြံပြုတယ်။ ကျွန် တော်က မြေနီကုန်း နီးနီး နားနားပဲ စားဖို့ ပြောတော့ မမ လေး နှုတ်ခမ်းက ဆူလာရော...။ အဲ့ဒါ ကြောင့် သူ သ ဘောကျတဲ့ နေရာကို သွားပြီး နေ့လည်စာ စားကြတယ်။ ည နေ စောင်းတဲ့ အထိ ကန် ဘောင် မှာ အတူတူ အချိန် ကုန် အောင် နေခဲ့ကြတယ်။ အဆောင်ကိုပြန်တဲ့ အချိန်တိုင်း သူနဲ့ ကျွန်တော် လမ်းလျှောက်ပြီးပြန်လေ့ရှိတယ်။ လမ်းလျှောက်ရင်း စကားတွေပြောရတာ အရမ်းကို နှစ်သက်စရာကောင်းတယ်။ ဘေးက ဖြတ်သွားဖြတ်လာ တွေ တောင်ဂရုမစိုက်နိုင်ပဲ နှစ်ယောက်သား တစ်ကမ္ဘာဖြစ် နေကြတာလေ။
ကျွန်တော့် မွေးနေ့ မှာ သူက ကျွန်တော့်ကို နာရီတစ်လုံး လက်ဆောင်ပေးတယ်။ နာရီရဲ့ သရေကြိုးမှာ စာလေးတစ်ခု ထွင်းထားတယ်။
“သူ” ....တစ်လုံးတည်း
ဘာလို့ ရေးထားတာလဲ မေးလိုက်တော့ သူက...
“ကို့အနားမှာ သူ အမြဲတမ်းရှိနေချင်လို့” ...တဲ့
“ နာရီလေးက သူ့ကိုယ်စား ကို့ကို တတီတီ ပြောနေပေးမှာ”
“နာရီအသံကြားတိုင်း သူ ရှိနေတယ် ဆိုတာ သတိရနေပေးပါ” ...တဲ့