"Ooh Sehun ss....အွန့်"
ခေါ်လို့တောင်မပီးသေးဘူး Sehun က Luhan ရဲ့နှခမ်းပါးပါးလေးကို သူ့ရဲ့နှုတ်ခမ်းနဲ့စုပ်ယူလိုက်တော့တယ်။
ကျွန်တော်အစကတော့ တုံးအလွန်းတဲ့သူ့ရဲ့ နှုတ်ခမ်းပါးလေးကို ထိတွေ့ရုံလေးဘဲ့နမ်းလိုက်ပေမယ် တကယ်တမ်းကျတော့ ကျွန်တော်အဲဒီ နူး"အိ"နှုတ်ခမ်းပါးလေးကို မလွှတ်ပေးချင်တော့ဘူး
ခဏနေတော့ သူအသက်ရှုရကျပ်လာလို့နဲ့တူပါတယ် ကျွန်တော့်ကိုတွန်းထုပ်လာတယ်။
ကျွန်တော်လည်းနောက်ဆုံးတစ်ချက်လောက် ခပ်ပြင်းပြင်းလေး စုပ်ယူလိုက်ပီးလွှတ်ပေးလိုက်တော့တယ်။ကျွန်တော်လွှတ်ပေးလိုက်တော့သူ့ရဲ့နှုတ်ခမ်းပါးပါးလေးက နီရဲပီးဖူးဖူးလေးနဲ့အရမ်းကိုချစ်ဖို့ကောင်းနေတော့တယ် ကျွန်တော်လည်းကားအရှေ့ခန်းကိုပြန်လာလိုက်ပီးအိမ်ကိုဘဲ့အမြန်ဆုံးပြန်လာလိုက်တော့တယ် ...............
ခဏကြာအိမ်ကိုရောက်တော့ကျွန်တော်သူ့ကိုကားပေါ်ကပွေ့ချီလိုက်ပီး ကျွန်တော့်အခန်းထဲက ကုတင်ပေါ်ကိုချလိုက်ပီး
"မင်းလေးကျေးဇူးဆပ်ချင်ရင် ခုဆတ်လို့ရပီ"
"ဟင်"
"ဟင်မနေနဲ့ အဲမုန့်ကကျွန်တော် ဝယ်ပေးတာ အဲတော့အခုကျေးဇူးဆပ် ရော့....."
ဆိုပီးကျွန်တော့်နှုတ်ခမ်းဆူပြလိုက်တော့ သူကမျက်လုံးအပြူးသားလေးနဲ့ အိုက်ရားးးးးးချစ်ဖို့ကောင်းလွန်းတယ်ဗျာ ခများတို့သူခုဖြစ်နေတဲ့ပုံလေးကိုသာမြင်ရင် သူကိုအားဘွားပေးမိမှာသေချာတယ် ဒါပေမဲ့သူ့ကိုကျွန်တော်တစ်ယောက်ဘဲ့အာဘွားပေးခွင့်ရှိတာ ..........
"ရော့ ဆိုတာကိုဘာတေကြောင်ကြည့်နေတာလည်း"
"ကျွန်တော်ကျေးဇူးဆပ်မယ်လို့ပြောတာကကျေးဇူးတင်တယ်လို့ပြောချင်တာပါ"
"ဒါပေမဲ့ ကိုယ်က အဲဒါမှမလိုချင်တာ"
"အရမ်းပူလို့ရေးချိုးတော့မယ် Ooh Sehun ဖယ်ပေးအုန်း"
"အဲဆို ကိုယ့်ကို PoPo ပေးခဲ့မယ်ဆို ကိုယ်ထပေးမယ် ဘယ်လိုလည်း ပေးမှုလား "
ကျွန်တော်အဲလိုပြောလိုက်တော့ကောင်လေးက သူ့ရဲ့နှခေါင်းလုံးလံးလေးနဲ့ ကျွန်တော့်ရဲ့ပါးလေးကနမ်းရှိုက်ပီးတော့ထွက်ပြေးသွားတယ်လေ
ဘယ်လောက်တောင်ရှက်နေလည်းမသိပါဘူးဗျာ....
YOU ARE READING
ရှောင်လုကြောက်သောဒုံးကျဥ်
Roman d'amourSehun:"Xiao Lu ကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ......" Xiao Lu "ခများပျော်ဖို့အတွက်ကျွန်တော်ထွက်သွားမှာပါ......."