Part 3

472 58 0
                                    

U

1လလောက်အထိလုပ်ကြည့်ပြီးတဲ့အခါမှာတော့အရင်စလုပ်တုန်းကလောက်မခက်ခဲတော့ပါတစ်ခုပါပဲသူ့‌သူဌေးပေါက်စလေးကအမျိုးမျိုးသောအကြောင်းပြချက်နဲ့သူ့ရုံးခန်းထဲကမထွက်ရပါ

အလုပ်လုပ်မယ်ကြံလိုက်ကော်ဖီသောက်ချင်တယ်ဘာစားချင်တယ်မျိုးစုံလုပ်ပေးနေရတယ်ဒါပေမဲ့လည်းသူ့ကိုလုပ်ပေးရတာအဆင်ပြေပါတယ်ဘာလို့ဆိုbossစားရင်သူပါလိုက်စားတာလေအလကားတော့မရဘူး

အခုဆိုတစ်ရုံးလုံးကလူတွေနဲ့JunKyuမသိတာမရှိချောမောတဲ့မျက်နှာလေးနဲ့သဘောကောင်းတဲ့ကောင်လေးကိုမသိတာတစ်ခုရှိလို့မေးလိုက်တာနဲ့ဖြေပေးချင်တဲ့သူကအများကြီးပဲ

သူနဲ့သာအကုန်လုံးကတည့်ပေမဲ့Harutoဆိုတဲ့သူ့သူဌေးပေါက်စနဲ့တော့အကုန်လုံးကကြောက်ရတယ်ဟိုကမထင်ရင်မထင်သလိုဟောက်တတ်တာကိုး

အဲ့ထဲJunKyuကတော့မပါဘူးပေါ့သူတစ်ခွန်းအော်ရင်ကိုယ်က2ခွန်းလောက်ပြန်ပြောပေးလိုက်တယ်ကြာလာတော့သူလည်း လက်လျှော့သွားတယ်ထင်ပါတယ်ဘာပဲလုပ်လုပ်လွှတ်ထားပေးနေတာ

ဒီနေ့ကပိတ်ရက်ရောက်ပြီမို့JunKyuသူ့သူငယ်ချင်းတွေနဲ့လျှောက်လည်ဖို့အပြင်ရောက်နေတာစကားပြောနေရင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရှေ့ဆက်သွားရမဲ့ခြေလှမ်းတွေကမရွေ့ချင်တော့ကျန်တဲ့သူတွေကဘာများဖြစ်လို့လဲလို့ကြည့်လိုက်တော့

သူတို့သူငယ်ချင်းအလုပ်ကbossဆိုတဲ့‌ကောင်လေးကကောင်မလေးတစ်ယောက်နဲ့ရယ်မောစွာနဲ့စကားပြောနေပြီးခေါင်းလေးကိုညှင်ညှင်သာသာပုတ်ပေးလိုက်ပါလေရောသူတို့ဘာသာဘယ်လိုအကြောင်းအရင်းတွေရှိရှိJunKyuကသူနဲ့ဘာဆိုင်လို့မျက်နှာမကောင်းသွားရတာလဲ

Rutoလည်းသူ့အတွင်းရေးမှုးကိုတွေ့လိုက်ရတာမို့ညီမဖြစ်သူနဲ့လျှောက်လာပြီးနှုတ်ဆက်လိုက်တယ်ဒါပေမဲ့ဒီကောင်လေးကဘာလို့မျက်နှာမကောင်းရတာလဲသူ့ထက်လနည်းနည်းကြီးတယ်သိတဲ့အချိန်ကစလို့နာမည်အစားhyungလို့ခေါ်ဖြစ်တာကြာပြီ

အသက်ကသိပ်မကွာတာသိပေမဲ့လည်းဘာကြောင့်ရယ်မှန်းမသိJunKyu hyungကိုကလေးလေးတစ်ယောက်လိုဆိုးရတာကြိုက်တယ်

မထင်မှတ်ထားသော ဖူးစာ [ 𝖧𝖺𝗋𝗎𝖪𝗒𝗎 ] Complete Where stories live. Discover now