U
နောက်ဆုံးတော့မွေးရပ်မြေကိုပြန်လာပြီနိုင်ငံခြားမှာအကြာကြီးကျောင်းတက်နေရတဲ့သူ့အတွက်အခုလိုပြန်ရောက်လာတော့အရာရာကိုသိပ်မမှတ်မိချင်တော့
သူထွက်သွားတဲ့အချိန်ထက်ပိုတိုးတက်နေပြီကိုယ့်နိုင်ငံရဲ့လေထုကိုRutoအဝရှုသွင်းနေမိရင်းအိမ်ကလွှတ်ပေးတဲ့ဒရိုင်ဘာရောက်လာတာမို့လေဆိပ်ကနေတဆင့်အိမ်ကိုဦးတည်လို့ပေါ့
အိမ်ပြန်ရောက်တော့ဧည့်ခန်းမှာထိုင်နေတဲ့မာမီကဖုန်းထဲမှာတွေ့စဉ်ကထက်ပိုလှလာသလိုပဲဒယ်ဒီကတော့အမြဲရုပ်တည်ကြီးပဲသူရောက်လာတာမြင်တော့မာမီကပင်ပန်းသွားပြီဆိုပြီးဖက်လာပေးတယ်
အခုမှပဲမိဘရင်ခွင်ပြန်ရောက်တော့တယ်မိသားစုစုံတုန်းဟိုနိုင်ငံကအကြောင်းတွေပြောပြရင်းအချိန်ကုန်နေတော့တယ်မထင်မှတ်ထားစွာနဲ့ဒယ်ဒီကပြောလာတယ်ကျောင်းပြီးပြီမို့သူ့နေရာဆက်ခံရမဲ့အကြောင်းနဲ့အနားယူတော့မယ်ဆိုတဲ့အကြောင်းပေါ့Rutoလည်းကြိုးစားလုပ်မယ်ဆိုတဲ့ကတိပေးလိုက်တယ်
Ruto Daddy: နေဦး ငါပြောတာမပြီးသေးဘူး
Ruto Mom: ရှင်ကလည်း အခုမှအိမ်ပြန်ရောက်တဲ့ကလေးကိုညမှအေးဆေးပြောပါ
2ယောက်စလုံးကိုနားမလည်သလိုကြည့်လိုက်မိတော့ညမှအေးဆေးပြောမယ်ဆိုပြီးဒယ်ဒီကပြောလာတော့သူ့အခန်းရှိရာဆီတက်လာခဲ့လိုက်တော့တယ်အခန်းထဲရောက်တာနဲ့အိပ်ရာပေါ်လှဲပစ်ပြီးဒီအငွေ့အသက်တွေသူအရမ်းလွမ်းနေခဲ့ရတာလေယာဉ်စီးလာရတဲ့အတွက်ကြောင့်Rutoအိပ်ပျော်မိသွားတော့တယ်
သီချင်းတစ်ပုဒ်ကိုချိုသာတဲ့အသံလေးနဲ့ဆိုနေတဲ့ကောင်လေးကြောင့်အိမ်ကလူတွေအကုန်လုံးအလုပ်လုပ်နေရပေမဲ့ပင်ပန်းမှု့မရှိပါအိမ်ကအလုပ်သမားကောင်မလေးတွေပြောနေကြတာကသခင်လေးJunKyuအသံလေးကနားထောင်ကောင်းလိုက်တာဒါကနေ့တိုင်းရိုးရာမပျက်ကြားနေရတဲ့စကားတွေ
JunKyuဒယ်ဒီကသူ့သားကိုသီချင်းဆိုတာမကြိုက်ပါသူ့အမေကိုကြောက်လို့သာလွှတ်ပေးထားရတာသူ့အမေကသူ့သားကိုထိရင်နည်းနည်းလေးမှကြိုက်တာမဟုတ်
YOU ARE READING
မထင်မှတ်ထားသော ဖူးစာ [ 𝖧𝖺𝗋𝗎𝖪𝗒𝗎 ] Complete
Romanceရုပ်ချောပြီးကျန်တဲ့သူတွေအပေါ်မှာတော့သဘောမနောကောင်းတဲ့Boss 🦋 ကျန်တဲ့သူနဲ့ဆိုအကုန်တည့်တစ်ယောက်သောသူနဲ့ဆိုပြန်ပြောချင်စိတ်ကထိန်းမရ 🐨