Part 6

434 57 6
                                    

U

3ရက်မြောက်ပြီဒီနေ့ထိရုံးလည်းမလာဘူး ဖုန်းဆက်တော့လည်းမရဘူးဘာတွေဖြစ်နေတာလဲhyungရယ်သူဖွင့်မပြောလိုက်သင့်ဘူးအခုတော့hyungကသူ့ကိုထပ်မတွေ့ချင်တော့ဘူးထင်တယ်

အလုပ်ထဲလည်းစိတ်မပါတော့ပဲတစ်ယောက်သောသူရဲ့ဂျစ်ကန်ကန်ပုံစံလေးတွေချစ်စရာကောင်းနေတဲ့အမူအရာလေးတွေပြန်မြင်ယောင်နေမိတယ်

JunKyu: မာမီ သားကိုအပြင်ထုတ်ပေးလေ ဘာတွေဖြစ်နေတာလဲဖုန်းလည်းပြန်မပေးဘူး

JunKyu Mom: မာမီ‌တို့ပြောထားတဲ့ကောင်လေးနဲ့သွားတွေ့ရင်ရုံးလည်းသွားရမယ် ဖုန်းလည်းပြန်ပေးမယ်ဘယ်လိုလဲ

သူRutoဆီကဖွင့်ပြောခံရတဲ့ညမှာပဲသူ့အမေကသူတို့သဘောတူထားတဲ့ကောင်လေးနဲ့တွေ့ရမယ်လို့ပြောလာတယ်သူကငြင်းမိတော့ဘာမှထပ်မပြောလာတော့ပဲ

မနက်ကျအခန်းအပြင်ကနေသော့ပိတ်ထားတော့တာပါပဲJunKyuသူ့ကိုယ်သူရုပ်ရိုက်ရိုက်နေရတဲ့ဘဝလို့တောင်ထင်မိသွားတယ်ဒါမျိုးကဇာတ်လမ်းတွဲထဲမှာပဲရှိတာမဟုတ်ဘူးလား

JunKyuလည်းအကြံတစ်ခုရသွားတယ်ကိုယ်မသိတဲ့လူကိုယူရမှာထက်စာရင်သူ့bossကပိုပြီးအဆင်ပြေတယ်ပြီးကျသူလည်းချစ်နေတာကြာပါပြီအဲ့နေ့ကသာအိမ်ပြန်မလာပဲတစ်ခါထဲအဖြေပြန်ပေးလိုက်ရမှာအခုလည်းနောက်မကျသေးပါဘူးမာမီတို့လူကိုပြောလိုက်မယ်သူ့မှာချစ်သူရှိတယ်ခင်ဗျားကိုမယူနိုင်ဘူးပေါ့

JunKyu: သဘောတူတယ် မာမီသူ့ဖုန်းနံပါတ်နဲ့တွေ့ရမဲ့နေရာကိုပြောပြ

အခန်းအပြင်ကမိဘတွေကလည်းမစ်ရှင်အောင်မြင်သွားပြီမို့ရယ်နေကြပြီးတစ်ဖက်ကိုဖုန်းဆက်ပြီးဒီဘက်ကအဆင်ပြေသွားပြီဆိုတဲ့အကြောင်းလှမ်းပြောလိုက်ကြတယ်

Rutoအတွေးတွေထဲမျောနေတုန်းဖုန်းဝင်လာတာကြောင့်hyungထင်ပြီးနာမည်ကိုသေချာမကြည့်လိုက်ပဲဖုန်းကိုင်လိုက်ပါလေရော

Ruto: Hello hyung

Ruto Daddy: ဘယ်ကhyungလဲ ငါမင်းအဖေကွ ဘယ်သူထင်လို့နူးနူးညံ့ညံ့တွေပြောနေတာလဲ

အသံချိုချိုလေးကြားရမဲ့အစားသူ့အဖေရဲ့စကားကြောင့်လွမ်းနေမိတဲ့စိတ်ကလေးတောင်ပျောက်သွားတယ်ဒီအချိန်ကြီးဘာလို့ဆက်တာပါလိမ့်

မထင်မှတ်ထားသော ဖူးစာ [ 𝖧𝖺𝗋𝗎𝖪𝗒𝗎 ] Complete Where stories live. Discover now