Episode 1

629 33 14
                                    

Zawgyi

ကျွန်မနာမည် ဆုန်းဂါဟီပါ ။ဒယ်မွန်းဈေးတွင် ကျွန်မအမျိုးသား ကင်ဒယ်ဆောင်းနှင့်အတူတူ မိုနီဆိုတဲ့ကြက်ကြော်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့သည်မှာ ကျွန်မရဲ့သားအကြီးကောင် ကင်နမ်ဂျွန် တစ်သက်ပင်ဖြစ်သည်။ကျွန်မတို့မိသားစုတွင် မိသားစုဝင်7ယောက်ရှိပြီး သားအကြီးဆုံးကင်နမ်ဂျွန် သားလတ်ကင်ထယ်ယောင်း သားငယ် ကင်ယွန်းဂီနှင့် သားအငယ်ဆုံးလေး ကင်ဂျီမင်ပြီးနောက် ကျွန်မရဲ့ ညီမလေး ဆုန်းဒါဟီ၊ကျွန်မအမျိုးသား ကင်ဒယ်ဆောင်းတို့နှင့်အတူတကွနေထိုင်ခဲ့သည်မှာ လွန်ခဲ့သော ခြောက်နှစ်ကအထိဖြစ်သည်။အခုအချိန်မှာတော့ သားတွေမှာ အရွယ်ရောက်လာသည်နှင့်အမျှ သူ့အိုးသူ့အိမ်နှင့်အသီးသီးထူထောင်သွားကြပြီး အငယ်ဆုံးလေး ဂျီမင်ကတော့ နောက်အပတ်ထဲမှ လက်ထပ်ပွဲကျင်းပမြင်ဖြစ်သည်။အငယ်ဆုံးလေးသာ လက်ထပ်သွားရင်တော့ ကျွန်မရယ်၊ကျွန်မယောကျာင်္းရယ်နဲ့ဒါဟီတို့သာ အိမ်မှာကျန်ခဲ့မှာဖြစ်ပြီး ကျွန်မတို့အိမ်ကတော့ ခြောက်ကပ်ကပ်ကြီးဖြစ်နေမှာအမှန်ပင်ဖြစ်သည်။

ဂျီမင်သည် အငယ်ဆုံးလေးဖြစ်သည်နှင့် အူတူတူအတတလေးဖြစ်ပြီး ကျွန်မအချစ်ပိုရသော သားငယ်ဆိုလည်းမမှားပေ။တက္ကသိုလ်ကိုဒုတိယနှစ်ထိတက်ရောက်ပြီး စာမေးပွဲဆက်မဖြေတော့ဘဲ ဈေးဝယ်စင်တာတစ်ခုတွင် အရောင်းဝန်ထမ်းလေးအဖြစ်အလုပ်လုပ်ကိုင်နေသော ကောင်ကလေးတစ်ယောက်ဖြစ်သည်။သူနှင့်လက်ထပ်မည့်သူကတော့အစိုးရအရာရှိတစ်ယောက်ရှိပြီး ကျွန်မတို့မိသားစုနဲ့ခြားနားစွာ ချမ်းသာသောအသိုင်းအဝိုင်းမှ ကောင်လေးတစ်ယောက်ဖြစ်သည်။ကောင်လေးဆိုလို့ ကျွန်မတို့အိမ်ရဲ့ ထူးခြားချက်မှာ သားတွေမွေးပြီး သားမက်တွေပဲရခဲ့သည်မို့ တချို့သောရပ်ကွက်ကလူများက ကျွန်မတို့အိမ်ကို ယောကျာင်္လေးအဆောင်ဟု နာမည်ပေးထားကြသည်။

_________________________

ဖေဖော်ဝါရီလ 12 ရက် 2020ခုနှစ်

"သေနာကောင် မင်းကငါ့ကိုထိုးတယ်ပေါ့''

"အိုး မင်းကငါ့ကိုလာစမ်းတာလား''

"ခွပ်''

"ခွပ်''

Once AgainWhere stories live. Discover now