Zawgyi
Jimin တစ်ယောက် အိပ်မပျော်ဖြစ်နေရာမှ သူ၏အခန်းတံခါးကိုလာခေါက်နေသောအသံကြောင့် တစ်ဖက်ကိုလှည့်ကာ စောင်ကိုခြုံလိုက်ရင်း အမြန်ပင်အိပ်ချင်ယောင်ဆောင်လိုက်သည်။
"ဒေါက်..ဒေါက်..''
"ချလောက်..''
အခန်းတံခါးဖွင့်သံနှင့်အတူ အဖေဖြစ်သူ Kim Dae Saung သည်လည်း Jimin အခန်းထဲသို့ဝင်လာကာ အိပ်ချင်ယောင်ဆောင်နေသူ Jimin အား ကျောပေးလျက် မွေ့ယာကုတင်ပေါ်သို့ထိုင်ချလိုက်သည်။
"မအိပ်သေးတာ သိပါတယ်''
"အေးပါ Appa တစ်ယောက်တည်း စကားပြောမလို့ ဒီအတိုင်းနားထောင်နေလိုက်''
"ဟူး..''
အဖြေဖြစ်သူ Kim Dae Saung သည် သက်ပြင်းမောတစ်ခုအားချလိုက်ပြီး ပြောမည့်စကားလုံးများအား အစချီလိုက်သည်။သားငယ်လေးဖြစ်သူ Jimin ကတော့ မျက်လုံးတွေကိုမှိတ်ထားလျက်သာ အိပ်ချင်ယောင်ဆောင်နေသည်။
"တစ်ခါတုန်းက မင်းအမေကဒီလိုပြောခဲ့တာ။ကျွန်မမွေးတဲ့ ကလေးလေးယောက်ထဲမှာ Yoon gi က ကြောက်စရာအကောင်းဆုံးပဲတဲ့။သားလည်းသိတယ်မို့လား။သားရဲ့အကိုငယ်က အရမ်းကိုစိတ်ဆက်တာ။တစ်ခုခုစိတ်မကျေနပ်တာရှိရင် မိဘတွေကိုပါ ပြန်ခံပြောတက်တာ။အကျင့်မကောင်းတဲ့ကောင်လေး။''
"ဒါပေမဲ့လေ Appa ကတော့ Yoon gi ထက် Jimin မင်းကိုအကြောက်ဆုံးပဲ''
အဖေဖြစ်သူ၏ ထိုစကားကြောင့် Jimin ရဲ့မှိတ်ထားသော မျက်လုံးတွေသည် ပြင်ပွင့်လာခဲ့ပြီး အဖေဖြစ်သူ၏ နောက်ထပ်ပြောလာမည့်စကားများကိုသာ တိတ်တဆိတ်လေး နားထောင်နေလေသည်။
"တစ်ဘဝလုံးတောင်းပန်ပါတယ်ပြောပြီး သိမ်သိမ်မွေ့မွေ့လေးနေလာခဲ့တဲ့ ကလေးက အချိန်တစ်ခုရောက်လာတဲ့အခါ aigoo လုံးဝကို ခေါင်းအမာဆုံးလူဖြစ်သွားတက်တာ။ဒါပေမဲ့ အခုချိန်ထိကြည့်ရရင် ငါ့သားအခုလိုလုပ်တာက အကြောင်းပြချက် ကောင်းကောင်းရှိလို့ပဲပေါ့''
"အလယ်တန်းတုန်းက ကျောင်းပြောင်းချင်လို့ပြောခဲ့တဲ့ကိစ္စ။အထက်တန်းကျောင်းတက်တော့ အချိန်ပိုင်းအလုပ်ကို ဆက်လုပ်ဖို့ တင်းခံနေခဲ့တုန်းကရောပဲ။''
YOU ARE READING
Once Again
Fanfictionငါတို့တွေနောက်တစ်ကြိမ် သေချာပေါက် ပြန်ဆုံကြမယ်။ ___________ ငါတို့တွေနောက်တစ်ကြိမ်သေချာပေါက်ပြန်ဆုံကြမယ်။