Zawgyi
မေမေဆုန်းဂါဟီတစ်ယောက် ကြက်ကြော်ဆိုင်ကိုသွားဖို့ရာ ဒယ်မွန်ဈေးထဲသို့လာခဲ့လိုက်သည်။
"အစ်မ...အစ်မ..''
သူမလမ်းလျှောက်ပြီးလှမ်းလာစဉ် ဈေးထဲမှအမဲသားရောင်းသူအမျိုးသမီးနှစ်ဦးမှာ အမဟုလှမ်းခေါ်သောကြောင့် သူမ၏ခြေလှမ်းတို့သည် ရပ်တန့်သွားရပြီး ထိုအမျိုးသမီးနှစ်ယောက်မှာ သူမဆီသို့လှမ်းလာသောကြောင့် ရပ်စောင့်နေလိုက်သည်။
"အင်း...ဘာလဲ''
"အမရယ်...Jiminလေးရဲ့ လက်ထပ်ပွဲကဘယ်လိုဖြစ်ရတာလဲ။တကယ်ပါပဲ ဒီလိုမျိုးဖြစ်သွားတာတောင် မသိလိုက်ဘူး''
"ဟုတ်ပါ့အေ ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေလိမ့်မလဲ''
"ဒါနဲ့ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ။ဘာလို့ဆိုင်ကိုမလာတာလဲ''
"အမတကယ်ပဲ အဆင်ပြေရဲ့လား။အမကြည့်ရတာ အရမ်းကြီးစိတ်ဖိစီးနေသလိုပဲ''
ထိုအမျိုးသမီးနှစ်ဦးမှာ သူတို့ပဲဦးအောင်နှုတ်ဆက်ပြီး သူတို့ကပဲဦးစွာစကားလုံးတွေကို ရေပတ်မဝင်အောင်ပြောရင်း မေမေဆုန်းဂါဟီရဲ့ အခြေအနေအားအကဲမခတ်တက်စွာဖြင့် သူတို့ပြောချင်သည်များကိုသာ ပြောနေတော့သည်။
"အမရယ် ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေမလဲ''
"မဟုတ်တာ ငါအဆင်ပြေပါတယ်။ လက်ထပ်ပွဲဖျက်သိမ်းတာပဲလေ ကွာရှင်းတာမှမဟုတ်တာ။ အထွေအထူးကိစ္စမှမဟုတ်ဘဲ''
"အမရယ် ဘာကိုအထွေအထူးမဟုတ်တာလဲ။အဲ့တာဆို အပဲ့ပါတဲ့ပန်းကန်ကိုရောင်းဖို့ခက်သွားမှာပေါ့။ဒါက မဖြစ်သင့်ဘူး။တစ်နေရာရာမှာ နတ်ဆရာကောင်းကောင်းရှာပြီး တစ်ခုခုလုပ်သင့်တယ်မဟုတ်လား''
"အဲ့ဒါပြောတာပေါ့။အမကတော့ သွေးအေးနေလိုက်တာ။ငါ့လိုကလေးမရှိတဲ့ လူထက်တောင်တည်ငြိမ်နေသေးတယ်''
"အဲ့တာပြောတာ အမအိမ်က ကလေးတွေအကုန်လုံးက ဘာလို့အိမ်ထောင်ကွဲတွေဖြစ်ကုန်တာလဲ။သားသမီးက ရန်သူပဲ''
"Jimin က ကွာရှင်းတာမဟုတ်ဘူး ။ဖျက်သိမ်းတာပါဆို''
မေမေဆုန်းဂါဟီသည် ထိုအမျိုးသမီးနှစ်ယောက်၏ စကားများကိုနားထောင်ပြီး သည်းမခံနိုင်သည့်အဆုံးမှာတော့ ထိုသို့ပြောကာ ကြက်ကြော်ဆိုင်သို့မသွားတော့ဘဲ ခြေဦးတည့်ရာသာ ထွက်လာခဲ့လိုက်တော့သည်။
YOU ARE READING
Once Again
Fanfictionငါတို့တွေနောက်တစ်ကြိမ် သေချာပေါက် ပြန်ဆုံကြမယ်။ ___________ ငါတို့တွေနောက်တစ်ကြိမ်သေချာပေါက်ပြန်ဆုံကြမယ်။