#unicode
"အဲ့နေ့ကငါဖိနပ်လေးတွေကို သန့်ရှင်းရေးလုပ်နေခဲ့တာ ..အင်း.. လည်သာဖိနပ်တွေကိုထိန်းသိမ်းပုံကိုရှင်းပြနေတဲ့ဂျောင်ဂုနဲ့ဖုန်းပြောရင်းပေါ့"
ထိုကောင်လေး၏အပြောနှင့်အတူ ဂျီမင်းသည်လည်း အတိတ်ဆီသို့ကူးလူးလာခဲ့သည်။
"လည်သာတွေကသေချာထိန်းသိမ်းမှဂျီမင်းရဲ့.."
လည်သာတွေကို မကွာအောင်ဆေးသုတ်နေရင်း ဖုန်း speaker မှပျံ့လွင့်လာတဲ့ ဂျောင်ဂုအသံလေးကြောင့်သူစိတ်လိုလက်ရပြုံးလိုက်မိသည်။
လည်သာတွေအကြောင်းသူသိသော်လည်း မသိချင်ယောင်ဆောင်ကာ ဂျောင်ဂု၏ရှင်းပြမှုကိုသူလိုက်နားထောင်မည်။ သေချာနားမထောင်ပဲပြန်မေးတဲ့အခါ 'ဂျီမင်းကလဲကွာ..သေချာနားမထောင်ဘူး'လို့ ဆူချင်သောအသံလေးနှင့် ပြောတတ်သည့် ဂျောင်ဂု၏ဆူပူမှုလေးကိုသူနားထောင်မည်။ ဖုန်းချခါနီးတိုင်း 'ပျော်ရွှင်စရာနေ့လေးပိုင်ဆိုင်နိုင်ပါစေ'ဆိုပြီး ဆုတောင်းပေးတတ်တဲ့ ဂျောင်ဂုကိုချစ်မြတ်နိုးမည်။ကျောင်းဖွင့်ရက်တွေဆို ဂျောင်ဂုအတွက်မုန့်တွေဝယ်သွားပေးမည်။ဒါတွေသည် သူ၏တနေ့သာလုပ်ရိုးလုပ်စဉ်တွေ။ သူ၏တနေ့သာသည် ဂျောင်ဂုနှင့်စပြီး ဂျောင်ဂုနှင့်သာအဆုံးသတ်သည်။"ရောက်ပြီလား ခဏစောင့်အုံး ငါရေချိုးအုံးမယ်"
speaker မှပျံ့လွင့်လာသောဂျောင်ဂု၏အသံသည် သူ့ကိုရည်ညွှန်းခြင်းမဟုတ်။သို့သော်လည်း သူတိတ်တဆိတ်နားထောင်နေမိသည်။ သူဂျောင်ဂု၏ အရာရာကိုသိချင်ပါသည်။ဒါပေမယ့်လည်း သူ့မှာသိပိုင်ခွင့် အခွင့်အရေးဆိုတာ အနည်းငယ်မျှပင်ရှိမနေ။
"ဂျီမင်း ကျွန်တော် သူငယ်ချင်းနဲ့အပြင်သွားစရာရှိလို့ ဖုန်းချလိုက်တော့မယ်နော်"
အသိပေးသလို ပြောလာတဲ့အခါ ဘာရယ်မဟုတ် သူဝမ်းသာပျော်ရွှင်သွားရသည်။ ဂျောင်ဂုကသူ့ကို အလေးထားတာပဲဆိုတဲ့အတွေးလေးကပင် သူ့အားများစွာသောပျော်ရွှင်မှုတွေပေးတယ်ဆိုတာ ကာယကံရှင်ဖြစ်တဲ့ဂျောင်ဂုသိမည်မဟုတ်ပေ။

YOU ARE READING
မောင့်Omegaငယ်(မောင့်Omegaငယ်)
FanficStart-27.6.2022 End- Jikook Fanfic(omegaverse)