Uni
"ကျွန်တော်တောင်းပန်ပါတယ်"
ယခုလက်ရှိ ဂျီမင်းသည် ဇိမ်ခံကားကြီးပေါ်တွင်ရောက်နေခြင်းဖြစ်သည်။ သူ(ဂျီမင်း)၏ကားသည် ရှေ့တခြမ်းထိခိုက်သွားသဖြင့် မောင်းလို့အဆင်မပြေတော့ချေ။ ဒါကြောင့် သူ(ဂျီမင်း)သည် သူ၏မိဘများရဲ့ ကားပေါ်တွင်လိုက်ပါလာရခြင်းဖြစ်သည်။
ဂျီမင်း ပတ်ခ်သခင်ကြီးနှင့်သခင်မကြီးအား တောင်းပန်လိုက်သည်။ သူ့ကြောင့်ဖြစ်ရသည်လေ။ ပတ်ခ်လုပ်ငန်းစုရဲ့ အုပ်ချုပ်သူနဲ့ သူ၏ဇနီး စိန်ရွှေရတနာပိုင်ရှင်အမျိုးသမီးဟာ အမြဲတည်ငြိမ်ကာအေးချမ်းလှသည်။ စီးပွားရေးလောကထဲ အခြေချ ခြယ်လှယ်နေကြပေမယ့် ရန်သူဆိုတာခပ်ရှားရှားရယ်။နောက်ပြီး အရင်မူလပိုင်ရှင်တုန်းက မိဘတွေဟာ ရဲစခန်းလိုက်ရဖို့မပြောနှင့်။ ရန်ပွဲဆိုတာပင် မရှိခဲ့။ ရောက်တာမှ တစ်ရက်ပင်မပြည့်သေး။ သူ့ကြောင့် မိဘ။ အင်း... သူ့ရဲ့မိဘတွေပဲထားပါတော့လေ။ သူ့ကြောင့် မိဘတွေအရှက်ရကုန်ရပြီ။
"သားက ဘာလို့တောင်းပန်ရတာလဲ"
ပတ်ခ်သခင်ကြီး၏အသံဟာ အေးဆေးတည်ငြိမ်လှသည်။ ဘယ်သူ့ကိုမှမကြောက်ဘူး၊ ဘယ်ကောင့်မှလူမထင်ဘူးလို့ ဘယ်လိုပဲအော်နေပါစေ။ မိဘကိုတော့လူတိုင်းကြောက်ကြတာပဲမဟုတ်လား။ ဂျီမင်း သက်ပြင်းချလိုက်ရင်း
"ကျွန်တော်သာ သူတို့ကားကိုဝင်မတိုက်ခဲ့ရင် ဖေဖေနဲ့မေမေလည်း ရဲစခန်းကိုလာစရာမလိုဘူး ကျွန်တော့်ကြောင့် ဖေဖေနဲ့မေမေရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေမိလို့ပါ"
"မေမေ့သားလေးတောင် လူကြီးဖြစ်လာပြီပဲ"
ပတ်ခ်သခင်မကြီးသည် ဂျီမင်း၏လက်ကလေးများကိုဆွဲယူရင်း ပြောသည်။
"ဘာလို့လက်ကိုအနာခံပြီးဆိပ်နေရတာလဲကလေးလေးရဲ့ ကြည့်ပါအုံး သွေးတောင်စို့နေပြီ"
သူ(ဂျီမင်း)မှာ အကျင့်တစ်ခုရှိသည်။ အဲ့တာက သူစိတ်လှုပ်ရှားလွန်းလာရင် လက်အချင်းချင်းပွတ်တိုက်ပြီး လက်ချောင်းများကိုဆိပ်တတ်တာပင်။ ယခုလည်း သူစိတ်လှုပ်ရှားတာရော၊ ကြောက်တာရော ပေါင်းပြီး သူ၏လက်များကို ဆိပ်နေမိသည်ကို သူကိုယ်တိုင်ပင်သတိမထားမိလိုက်ပေ။ပတ်ခ်သခင်မကြီးသည် သူ(ဂျီမင်း)၏လက်များကို နွေးထွေးစွာဆုပ်ကိုင်လိုက်ပြီး
![](https://img.wattpad.com/cover/313287295-288-k23666.jpg)
YOU ARE READING
မောင့်Omegaငယ်(မောင့်Omegaငယ်)
FanfictionStart-27.6.2022 End- Jikook Fanfic(omegaverse)