မနက်စာထမင်းစားပွဲဝိုင်းကကြီးမားနေပေမယ့်ထိုင်နေသူကတော့ Jeff Satur နဲ့ Barcodeအပြင်မရှိ။
" စားမကောင်းလို့လား Barcode "
တစ်လုပ်ချင်းစီဖြည်းဖြည်းချင်းဝါးနေတဲ့ Barcodeကိုစုန်ချည်ဆန်ချည်ကြည့်လိုက်ပြီးJeffကမေးတော့ထိုကလေးကခေါင်းကိုတွင်တွင်ခါလျက်
" မဟုတ်ပါဘူးဗျ စားကောင်းပါတယ်။ "
" အားရပါးရစားသင့်တယ်။ခံတွင်းပြသာနာတစ်ခုခုရှိလို့လား ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြော "
ငယ်စဉ်ကတည်းကထမင်းစားဝိုင်းမှာအသံလေးနည်းနည်းထွက်လာရင်တောင်မကြိုက်တဲ့သခင်ငယ်လေး Jeff Satur က Barcode Tinnasitဆိုတဲ့ကလေးလေးကိုမွေးစားပြီးတဲ့နောက်မှာထမင်းဝိုင်းဉီးဆောင်စကားပြောသူကJeff ဖြစ်လာသည်။
ထမင်းမစားချင်လို့ Barcode မှိုင်နေတဲ့အချိန် ၊ Barcodeကြိုက်နှစ်သက်တဲ့ဟင်းမပါတဲ့အချိန်မျိုးဆို Jeff ကဟင်းတွေကိုချက်ချင်းလဲခိုင်းတတ်ပြီးကိုယ်တိုင်ပင်Barcode နဲ့တစ်ပန်းကန်ထဲ တစ်ဇွန်းတည်းစားတတ်သည်။
" အောက်အတွင်းဘက်ကသွားကနည်းနည်းကျင်လို့ပါ အကိုဗျ "
" ညနေကျောင်းကပြန်လာရင် ဆေးရုံကိုသွားမယ်။ကိုယ်ညနေကျောင်းလာကြိုမယ်။ "
" ခင်ဗျာ ? ကျွန်တော့်ဘာသာသွားလည်းရပါတယ် အကို့ကိုအလုပ်မရှုပ်စေချင်ပါဘူးဗျ "
ကြည်လင်နေတဲ့Jeffမျက်နှာကချက်ချင်းဆိုသလိုမုန်တိုင်းတိုက်မတတ်ဖြစ်သွားရကာ Barcodeကိုစေ့စေ့ကြည့်လိုက်ပြီး
" ထပ်မပြောနဲ့ ညနေလာကြိုမယ် "
မတတ်သာတဲ့အဆုံးBarcodeလက်ခံစကားနဲ့ကျေးဇူးတင်စကားပေါင်းပြောကာခေါင်းငြိမ့်လိုက်ရသည်။
အကို Jeff က Barcode ဒီအိမ်တော်ကိုစရောက်ကတည်းကလက်ပွန်းတတီးအနေခဲ့ရဆုံးလူဖြစ်သည်။မွေးစားခဲ့သည့်ပါးပါးနဲ့မားမားကBarcodeကိုအရမ်းဂရုစိုက်ပါသည်ဟုပြောလျှင်အကိုJeffကရယ်ပါလိမ့်မယ်မည်။
ဒီအိမ်တော်တွင်မဟုတ်ဒီကနေ့ထိBarcodeတွေ့ကြုံရင်းနှီးဖူးသမျှလူတွေထဲမှာBarcodeရဲ့အပြင်မျက်နှာ့ပင်အမူအရာတင်မဟုတ်ဘဲအတွင်းစိတ်ထိထိုးဖောက်နိုင်သူမှာအကို Jeffအပြင်မရှိခဲ့။
![](https://img.wattpad.com/cover/317240397-288-k565631.jpg)