Chapter 4

647 44 6
                                    

မျက်နှာရဲ့တစ်ဝက်လောက်ကိုMaskဖြင့်အုပ်ထားရင်းဉီးထုပ်ကိုမျက်လုံးဖုံးသည်အထိအုပ်ချလိုက်သည်။
နာမည်ကြီးစားသောက်ဆိုင်ရဲ့အခန်းတစ်ခန်းမှာတိတ်ဆိတ်စွာထိုင်နေရင်းနောက်ထပ်ရောက်လာမည့်သူကိုစောင့်နေလိုက်သည်။

မကြာခင်မှာပဲတံခါးဖွင့်သံကြားလိုက်ရသဖြင့်နာရီကိုတစ်ချက်လှမ်းကြည့်ကာစကားဆိုလိုက်သည်။

" ချိန်းထားတာထက်နောက်ကျတယ် "

" စိတ်မရှိပါနဲ့ မင်းထက်အရေးကြီးတဲ့သူနဲ့တွေ့နေလို့နည်းနည်းလေးနောက်ကျသွားတာ "

Ta Nannakunပြောရင်းနဲ့ပင်အလှမ်းဝေးသည့်ခုံကိုယူကာလွတ်လပ်စွာပင်ထိုင်လိုက်သည်။
နှစ်ဉီးကြားအတော်လေးကြာအောင်တိတ်ဆိတ်သွားပြီးမှ

" Tanrayut ! ငါ့မှာအချိန်တွေပေါနေတယ်လို့မင်းထင်နေတာလား။ဆိုလိုရင်းမြန်မြန်ပြော "

" Barcode Tinnasit ကိစ္စ "

Ta ကစားပွဲကိုလက်ချောင်းတြွေဖင့်တီးခေါက်ကစားရင်း Tanrayut ကိုတစ်ချက်မျှကြည့်လိုက်ပြီး

" မင်းစိတ်ချထားလို့ရပါတယ် "

" ဟင့်အင်း !!!!! ငါအစီအစဉ်ပြောင်းသွားပြီ။သူ့ကိုအသေသတ်ပေး နင့်အင်အားလောက်နဲ့ဆိုသူလိုလူကတော့အေးဆေးပဲ ဟုတ်တယ်မလား Ta Nannakun "

အားကိုးလိုသည့်မျက်ဝန်းဟန်နှင့်ကြည့်ကာခပ်တိုးတိုးပြောလာသည့် Tanrayut ကို Ta Nannakun စက်ဆုပ်စွာပြန်ကြည့်ရင်း လက်ချောင်းတွေကလည်းစားပွဲကိုတီးခေါက်မပြတ်။

" တော်တော်လေးရက်စက်တဲ့အမျိုးသမီးပဲ။တစ်ဖက်လူကိုအဲ့လောက်ထိသေစေချင်နေတာဆိုတော့မင်းတော်တော်လေးအထိနာထားပုံပဲ ဟုတ်လား ? "

" တော်စမ်းပါ ...... ! ငါဆိုတဲ့မိန်းမကငါ့အသားနည်းနည်းနာရင်တောင်နာအောင်လုပ်တဲ့သူကိုသေမတတ်ဖြစ်အောင်ပြန်လုပ်ခဲ့ဖူးတာ "

" ဒါဆိုလည်းသူ့ကိုမင်းဘာသာပဲကိုင်တွယ်လိုက်လေ ငါ့ကိုအားကိုးမနေနဲ့ "

Ta Nannakun ရဲ့ခပ်အေးအေးပြောစကားကို Tanrayut နားမလည်နိုင်သည့်အမူအရာဖြင့်ပြန်ကြည်လာသည်။
Ta Nannakun ကသူမအမူအရာကိုကြည့်ပြီးသဘောပေါက်စွာရယ်လိုက်မိသည်။

His Weakness : Barcode TinnasitWhere stories live. Discover now