"Park Jimin Park Jimin ဒင်း တော်တော်မွှေနိုင်လွန်းတယ်....အမလေး ခုမှငါလင်ယူမိတာမှားမှန်းသိတော့တယ်....သွေးတွေလည်းတိုးပါတယ်အေ...."
"အိုမားရေ~~~....."
ဟော....ပြသာနာလုပ်ထားလို့ဖြေရှင်းပြီးကာမှ ညည်းတုန်းရှိသေး လာပါပြီ အမွှေစိန်...
"အေး....ငါဒီမှာ လာခဲ့ဒီကို...လာ...လာ..."
"ဟုတ်ကဲ့ အိုမား လာပါပြီ.~~..."
ချွဲတဲ့အသံလေးက ချိုအီအီလေး...
"ကဲဒီမှာထိုင်ပါအုန်း Park Jimin ..."
"Nae...."
မာတာမိခင် ထိုင်ခိုင်းသော ကျွန်းထိုင်ခုံအကောင်းစားကြီးပေါ် ထိုင်လိုက်လေသည်။
"ကဲ ကိုယ်တော်ချော ရွာထဲဘာတွေမွှေခဲ့သေးလည်းရှင့်...."
"ဒီနေ့သား ဘာမှမလုပ်ခဲ့ပါဘူး မေမေရဲ့ သားကကုသိုလ်တောင်လုပ်ခဲ့သေးတယ်..."
"အမယ့် အိုမားသားကလေ ဟုတ်လား...."
အမွှေစိန်စကားအားအဟုတ်ကြီးမှတ်သွားပါသော မိခင်မှာ ဆူမယ်ပြင်ထားသည်အားမေ့မေ့လျော့လျော့..
"အဲ့ဆိုပြောပါအုနး် ဘာကုသိုလ်တွေလုပ်ခဲ့လည်းသား...."
"ဟုတ် သားပြောပြမယ်.... ရွာထိပ်က ဦးရွှေပေါ အိမ်နားက ငါးလှောင်ကန်လေ သိတယ်မို့လား..."
"သိတယ်လေသားအဲ့တာဘာဖြစ်တုန်း..."
"အဲ့တာ သား အဲ့နားက ဖြတ်သွားတော့ ကန်ထဲကငါးလေးတွေသနားပါတယ် အဲ့ကန်ထဲမှာငါးတွေအများကြီး နဲ့ ကြပ်နေတာအိုမားရဲ့...အဲ့တာသားလေသနားလို့ အဲ့ကန်ဘေးက ချောင်းထဲကို အပေါက်ဖွင့်ပြီးလွှတ်ပေးလိုက်တယ် အိုမား...."
"အမလေး..!!..."
အိုမားလန့်သွားပြီ ဟိဟိ သားတော်တယ်မို့လား..😁
"နောက်ပြီး ရှိသေးတယ်....ကျောင်းနားမှာအိုမားရယ် ကလေးအချင်းချင်းကို ကလေးတစ်ယောက်ကိုအနိုင်ကျင့်နေကြတာ ဖြစ်ချင်တော့ အိုမားရယ် အနိုင်ကျင့်ခံနေရတာ သားသူငယ်ချင်း ဖိုးထူးလေ အဲ့တာသားလည်း သူငယ်ချင်းထိတော့မခံနိုင်လို့ပြိုင်ချတာ ဟိုကောင်တွေတော်တော်နာသွားလောက်တယ် ဟိဟိ..အိုမား သားက ဟီးရိုးကြီးလေ...ဟဲဟဲ"