ရွာလည်းရောက်ပြီ အိမ်ထဲလည်းရောက်ပြီ လက်ထပ်ဖို့လည်းပြောပြီးပြီ...တစ်ညရှိပြီအိပ်တာ ခုထိ ကြက်ပေါက်နဲ့စကားမပြောရသေးပေ ဒါကြောင့်ပဲ သူကြီး စီစဥ္ပေးထားတဲ့ အခန်းထဲခြေပစ်လက်ပစ်ပဲနေနေလိုက်သည်။ကိုယ်ဘက်ကစပြောရင်လည်းသူလေးစိတ်အနှောက်အယှက်ဖြစ်မှာက စိုးရသေးတယ်...ဟူးး...ကိုယ့်ထပ် ၂နှစ်ပဲကြီးတဲ့ Hyung ပိစိိကိုဘယ်လိုချဥ္းကပ်ရပါ့....
အိပ်ရာပေါ် အတွေးတဆဆနဲ့အကြံထုတ်နေေပမယ့် အချစ်နဲ့ပက်သက်ရင် ဘာမှသုံးစားမရတဲ့ဦးနှောက်နဲ့လူမို့ ဘာကိုမှထုတ် လို့မရခဲ့...ဟူး Jkကြီးခက်ချေပြီ...
"ဒေါက်...ဒေါက်.."
"ဒီမယ် အဲ့ထဲ က Jeon Jungkookဆိုတဲ့သူ ကျွန်တော်ခင်များနဲ့စကားပြောစရာရှိလို့ ထွက်ခဲ့ပါ..."
ဟင်!!! Jimin Hyungအသံပဲ ဘာလို့ပါလိမ့်ဟိဟိ...
"လာပြီ Hyung ပိစိ.."
တံခါးအားအသံနဲ့တပြေးညီအပြေးလေးဖွင့်လိုက်တော့ မြင်လိုက်ရတာက ဒီနေ့တော့ ခရမ်းလေးနဲ့ ...အင်း...ကန်စွန်းဥ ခရမ်းရောင်လေးလိုပဲ
တံခါးရှေ့ပိတ်စောင့်နေတာကြောင့် အဖွင့်တွင်မျက်နာ၀ိုင်းကြီးကို ၀င်းကနဲတွေ့လိုက်ရလေသည်...ဘာတဲ့သူခေါ်တာ Hyungပိစိဟလား...ငါအဲ့လောက္မသေးပါဘူးနော် သူသာကလန်ကလား နဲ့ကလေးရုပ်ပေါက်နေတာပါရယ်...
"ပြောလေ Hyung ပိစိ ဘာပြောစရာရှိလို့ပါလည်းခင်ည..ဟိဟိ..."
Jkကြီးမျက်နာပိုးမသတ်နိုင်ပါ ဒီက အကြံထုတ်နေကာရှိသေး သူလေးက ဆိုက်ဆိုက္မြိုက္မြိုက်ကြီးဆိုတော့ ပျော်တာပေါ့လို့..
"အင်း...ပြောစရာရှိတယ် ငါနဲ့ ရွာလည်က တမာပင်အောက်လိုက်ခဲ့.."
"အင်း...အင်း...လိုက်ခဲ့မယ်...ခနလေး Hyung.."
"ဟမ်..."
ခနလေးဆိုကာ အခန်းထဲ ပြန်၀င်သွားသည်။
ဟော ပြန်ထွက်လာတော့ ဘာဘူးကြီးလည်းမသိ .အတော်တော့ထူးဆန်းတယ်.."Hyung ပိစိ လာရှေ့တိုး.."
"ဘာလို့တိုးရမှာလည်းကွ...မတိုးဘူး.."
မတိုးဘူးဆိုကာ မျက်နာအားချာကနဲလှည့်ပစ်သည်။
အို Hyung ပိစိကလည်း လည်ပင်းလေးနာရချည်ရဲ့...