Part 3

120 10 10
                                    

"သား....အမလေးချောလာလိုက်တာကြည့်ပါအုန်းမြို့သားကြီးဆိုတော့ ပျိုတိုင်းကြိုက်ဖြစ်နေရောပေါ့..."

"ဟုတ်တယ် Jiyoonရဲ့ သားကချောတော့ပျိုတိုင်းကြိုက်နေကြတာ ဒါတောင်သားလေးကိုနင့်သားလေးအတွက် ပါဆယ်ထုတ်ပြီးထားထားတာဟေ့..."

"သူငယ်ချင်းရဲ့ကျေးဇူးပါအေ နင်သိတဲ့အတိုင်းငါ့သားကအသက်သာကြီးလာတယ် အလိုလိုက်ထားတော့ကလေးစိတ်ကမပျောက်ဖူးဟေ့...ခုတောင် သူ့သူငယ်ချင်းကိုခေါ်ခိုင်းထားရတယ်..."

"အမလေး Jiyoonရယ် ရပါတယ် သားလေးJiminသာ ငါ့သားJungkookလက်ထဲအပ်လိုက် လိမ္မာသွားစေရမယ် ငါအာမခံတယ်..."

" ဟားဟား ဟုတ်ပါပြီ Jeon Sunmieရယ်...."

"ဟားဟား...."

အိုမားတွေဖြစ်ကြတဲ့ Park Jiyoonနဲ့ Jeon Sunmie ကတော့အာလူးသာဖုတ်နေကြပါသည်။
အာ့ပါးတို့လည်းဘာထူးလည်း သူတို့အလုပ်ကိ္စ္စရယ်အလာဘ သလာဘတွေသာ ဖုတ်နေကြသည်။

ကျွန်တော်ကကော ....အင်း ရှင်းတယ် ဘေးနားက ခုန်အလွတ်မှာထိုင်ပြီးအိုမားတို့ကိုကြည့်လိုက် အာ့ပါးတို့ကိုကြည့်လိုက်နဲ့ ဘာနားနားမစ်သောက်နေလိုက်တယ်...အိုင်က ဘာနားနားမစ် ခရေဇီလေ 😁
ခုဒီလာတာတောင်ရွာတွေမှာဒါတွေမရှိဖူးဆိုလို့
မီနီစတိုးကနေ ရှိသမျှဘာနားနားမစ်အကုန်၀ယ်ပြီးအ၀တ်ထည့်တဲ့အိတ်နဲ့အပြည့်တောင် အလေးခံသယ်လာတာလေ...
ခုကလည်း ဒီကိုရောက်လာရတာကတော့ ကျွန်တော်လင်ရတော့မယ်တဲ့ မိန်းမ မဟုတ်ဖူးတဲ့လေ စစချင်းကတော့ငြင်းတာပေါ့
၂ရက်ထမင်းမစားတဲ့ထိပဲ ဘာနားနားကတော့အခန်းထဲထည့် ခိုးသောက်တာပေါ့😏
အဲ့နောက် အာ့ပါးက အခန်းထဲလာပြီး...

"ရော့အင့် ဒီမယ်ကြည့် မင်းယူရမယ့်သူ"ဆိုပြီးကြက်ပေါက်နဲ့ဆင်တူရိုးမှားစေတဲ့ တစ်ကိုယ်လုံးအ၀ါရောင်အင်္ကျီနဲ့ကိုမှ ဒူးဖုန်း ဘောင်းဘီတိုအ၀ါလေး၀တ်ထားတဲ့ ဦးထုတ်အ၀ါနဲ့ နှုတ်သီးထော်နေတဲ့ ကောင်လေး....

ဘယ်ရမလဲ ...အဟက်....
Jeon Jungkookလေ တစ်ခါထဲအိတ်ဆွဲ ရောက်လာတာပေါ့...

ဒါတောင်မကြိုက်ပါဘူး.......
ချစ်တာ ချစ်မိသွားတာ အူယားသွားတာ
မတတ်နိုင်ဘူး မြင်မြင်ချင်း ချစ်ခင်တွယ်တာယုယပြီးအပိုင်သိမ်းချင်သွားတော့လည်းမတတ်နိုင် ၁နှစ်စာ ဘာနားနားမစ်နဲ့ ရောက်လာရတဲ့ထိပဲ
ဒါတောင် ပျိုတိုင်းကြိုက်တဲ့ကျွန်တော်က ခါခါချပြီးလာခဲ့ရတာ အဲ့ကလေး လက္မခံလို့ကတော့ ဟင်းဟင်းပဲ

🍭LORLIEPOP🍭Where stories live. Discover now