Part -5

1.8K 137 13
                                    

"ရလို့လား "

Felix အိပ်ယာက ထဖို့ပြင်ဆင်နေတယ့် Hyunjin ကို ထူပေးဖို့လုပ်လိုက်ပေမဲ့ အနားမရောက် ခင်တွင်ပင် လက်ကိုကာကာ တားတာ မို့ နေရာတွက်ပင်ရပ်နေရသည် ။ မနေ့ကလောက်ပုံစံက အားမရှိတော့သလိုမဟုတ်‌ပဲအခုတော့အသွေးအသား နည်းနည်းပြည့်ဝလာလေပြီ ။ ရုပ်ချောချောကြီး ချောင်မကျသွားအောင် felix လည်း အသင့်ပါလာတယ့် mini table လေး ကို သူ့ အိပ်ယာ ပေါ်ချရင်း ပါလာတယ့် မနက်စား တွေကို ခင်းကျင်းလိုက်သည် ။  မများပေမဲ့ စိတ်ပါလက်ပါ ဖြင့် အကောင်းဆုံး ချက်ထားတာမို့ သူသေချာစားပေးဖို့ပဲမျှော်လင့်သည် ။ သူ့ကို felix ဘေးနားမှာ ရှိနေသေးသ၍  အကောင်းဆုံးရှိနေစေချင်တယ်မလား ? 
ထို့ကြောင့် felix ပူနွေးနွေး ချက်ပြုတ်ထားတယ့် ဟင်းနှင့် ထမင်း တွေကိုအဖုံးဖွင့်ပြီးတာ နဲ့ တူကို hyunjin လက်ထဲ အရင်ထည့် ကာ

"သေချာ စား လိုက်နော် ... မင်းအတွက်အမဲစွပ်ပြုတ် နဲ့ ကြက်သားပေါင်း လုပ်ပေးထားတယ် အေးအေးလေးနဲ့ဆိုတော့ မင်းစားရတာ အဆင်ပြေအောင် "

Hyunjin felix အပြောကြောင့် ကိုယ့်ရှေ့က ထမင်းစားပွဲလေး ပေါ်ရှိ ဟင်းအိုး နှစ်အိုးနဲ့ အတူ ချက်ပြုတ်ထားတယ့် အရည်တွေကိုကြည့်လိုက်သည် ။ သိပ်မများပေမဲ့ ထမင်းအနည်းငယ်ရယ် ကင်မ်ချီအနည်းငယ်ရယ် ပါတယ့် ထိုစားပွဲလေးဟာ hyunjin ရဲ့ချောင်နေတယ့်ဗိုက် ပြည့်သွားမယ်ဆိုတာ တန်းသိ၏ ။ တွေးရင်း အရှေ့တည့်တည့် က ကြက်ပေါက်စ ကို ကြည့်လိုက်သည် ။ မိမိကိုဝေဝေဆာဆာ ကြည့်နေတယ့် သူ့အကြည့်တွေဟာ ကြည်နူးမှုတို့ပြည့်စုံလို့
ငါလိုမင်းအပေါ်မကောင်းတယ့် လူကိုတောင် ဘာလို့ အခုထိ ဂရုစိုက်နေရတာလဲ
မင်းကတကယ်ပဲ ဘယ်လို လူမျိုးလဲ felix ?
တွေးနေတုန်း  မျက်နှာတစ်ဝိုက်မှာ အိုးမဲတို့ ပေနေသည်ကို တွေသည်  ကြောင့် hyunjin မှာ ဟက်ခနဲ တစ်ချက်တောင်ရယ်မိသည် ။

"အဟက် !"

"... ဘာ ရယ်တာ လဲ ဟင်  ?"

ခပ်အအလေး မေးတယ့် felix က ကလေးသူငယ်လေး လိုပင် ၊ အရာရာဖြူစင်လွန်းလှသည်။  hyunjin မိမိပါး တစ်ဖက်  ကို လက်ညိုးထိုးပြရင်း  felix ပါး တစ်ဖက်က အမဲနေရာ ကို လက်အမူအယာဖြင့်ပြောပြလိုက်သည်။ 

ကြိုး( ႀကိဳး )Where stories live. Discover now