Part -7 ( final )

3.1K 182 13
                                    

Felix ကို ဘယ်လိုချစ်မိမှန်းမသိ hyunjinချစ်မိပြီထင်တယ်

သူပုံစံလေးတွေ သူအပြုအမူလေးသူ့အပြုံး နောက်ပြီး သူ့ရဲ့စိတ်ထားလေး
အားး.... အရမ်း နူးညံလိုက်တာ ၊
ကြိုးတစ်ချောင်းလိုပဲ ရစ်တွယ်မိပါပြီ ရုန်းမထွက်နိုင်အောင် ... ။

အပြင်ဘက်မှာ သစ်ပင်ရေလောင်းနေတယ့် Lix ကို ငေးကြည့်နေရင်းက မိမိဘက်လှည့်လာသည့် felix ၊ hyunjinဆို‌ဖာ တွင်ထိုင်နေရင်းက ခေါင်းကို အနောက်မှီလိုက်ပြီး ဖုန်းသုံးချင်ယောင်ဆောင်လိုက်၏ ။

" hyunjin ငါမင်းကိုမေး မယ် ဘာလို့ အဲ့အလုပ်က ထွက်လိုက်ရတာလဲ ? ငါမင်း ကို ဘားမှမဖြစ်ဘူးလိူ့ပြောထားတယ့်ဟာကို "

Felix ဆိုဖာတွင်အပျင်းပြေအညောင်းပြေ ထိုင်လှဲနေတယ့် Hyunjinအနားဆီ သွားလိုက်ပြီး ထိုသို့သော စကားကိုမေးလိုက်သည် ။ တကယ်ဆို သူကဘာကိစ္စနဲ့အနုပညာအလုပ်ကရပ်နားရမှာလဲ ?
Felixမေးပေမဲ့အပျင်း ပြေ လှဲကာ ဖုန်းသုံးနေတယ့် hyunjinကတော့ အဖက်မလုပ်သေးပါပဲ ဖုန်းက်ုပိတ်လိုက်သည် ။ ပြီးနောက် ထထိုင်ရင်း

" အဖြေက ရှင်းရှင်းလေး လေ မင်းကြောင့် ထွက်တာ "

ထင်တယ့်အတ်ုင်း မိမိကြောင့် ပါ ၊ felixမိုက်ခဲ့၍ သူဒီလိုဖြစ်ရတာ မိမိကြောင့်

"မင်း ကို ကိုယ့်အနားက မထွက်သွားစေချင်ဘူး ၊ ပြီးတော့ ကိုယ်ကအဲ့အလုပ်ကိုသေချာ အာရုံစိုက်မယ်လို့ပြောထားမိလို့လား ? အမေက လက်ထပ်ပြီးရင် ကုမ္မဏီအလုပ်ပဲ ဝင်လုပ်ဖို့သတ်မှတ်ပေးပြီးသာ အဲ့ဒါကြောင့် ကိုယ်လက်မထပ်ချင်ရတာလဲ ပါတယ် ၊ အခုတော့ မင်းရှိလာပြီ ကိုယ်က မင်းကိုလက်ထပ်ချင်တယ် မင်းကလည်း ကိုယ့်ကိုချစ်တယ် အဲ့တော့ ပြဿနာ‌အားလုံးရှင်းသွားပြီမို့လား "

"ဘယ်လို ....ငါက မင်း ကို ဘယ်တုန်းက ချစ်တယ်ပြောမိခဲ့လဲ ? "

"မပြောလည်း သိပြီးသားမို့ အထူတလည်းပြောစရာမလိုပါဘူး ၊ လာ ထိုင်ပါအုန်း ယောင်္ကျား ခေါင်းတွေကိုက်နေလို့ "

Hyunjinက ပြောရင်း မိမိလက်ကို သူ့အနား သို့ ဆွဲချသွားသည် ။ ဆွဲချလိုက်တာက အားနဲ့မို့ felixကိုယ်လုံးသည် သူဆွဲရာအနောက်ပါသွားပြီ သူပေါင်ပေါ် တက်ထိုင်မိသွားတော့သည် ။
မိမိနဲ့ မျက်နှာချင်းဆိုင်တည့်တည့် မှာ အရမ်းချောမောလှပတယ့် မျက်နှာလေးကိုမြင်လိုက်ရပါသည် ။ ချောမောလွန်းလှသည် ... မျက်လုံးအောက်ကမှဲ့က အစ ကြယ်ကြွေကာ ထည့်ပေးထားတယ့် တံဆိပ်ပမာ ။
မင်းက ငါနဲ့မထိုက်တန်တာပါ Hyunjinရယ် ...။

ကြိုး( ႀကိဳး )Where stories live. Discover now