မနက်အိပ်ယာနိုးတော့လရိပ်ခေါင်းတွေကနောက်ကျိနောက်ကျိဖြစ်နေသည်။အချိန်ကမနက်8နာရီထိုးနေတာကြောင့် လန်းဆန်းစေရန်ရေဝင်ချိုးလိုက်လေ၏။ထို့နောက်ပေါ့ပေါ့ပါးပါးဖြစ်မယ့်ချည်အင်္ကျီဝမ်းဆက်ကိုထုတ်ဝတ်လိုက်သည်။ထူးဆန်းတာကမနေ့တုန်းကလိုရွှေရည်ကိုသတိရစိတ်များရှိမနေတော့ပေ။သူတစ်ရက်တည်းအသဲကွဲခဲ့တာပင်။ဒါအရက်၏တန်ခိုးတွေကြောင့်များလားဟုတွေးပြီးအောက်ထပ်ကိုဆင်းသွားလေ၏။အောက်ထပ်ရောက်တော့မနက်စာစားတဲ့စားပွဲမှာပါပါးနှင့်ရှင်းခန့်ကိုတွေ့လိုက်ရသည်။
ရှင်းခန့်က polo shirt အဖြူနှင့်ဘောင်းဘီစတိုင်ပင်အနက်ကိုတွဲဖက်ဝတ်ဆင်ထားသည်။shirt အင်္ကျီကလက်တိုဖြစ်တာကြောင့်လက်မောင်းကြွက်သားဗလကြီးကရွံစရာကောင်းအောင်အလုံးလိုက်ထွက်နေသည်ဟုလရိပ်တွေးမိလိုက်သည်။ဘာလို့များရွံစရာခန္တာကိုယ်ကိုသဘောကျနေလဲတော့လရိပ်မတွေးတတ်။သူကတော့ကိုရီးယားမင်းသား၊တရုတ်မင်းသားလေးတွေလိုသွယ်သွယ်လေးဖြစ်ရတာကိုပဲသဘောကျသည်။
"သား လရိပ်နိုးပြီလား။ညကသားအိပ်ပျော်သွားလို့မပြောဖြစ်တာ"
ပါပါးပြောမှသတိရသည်။သူညက ကားပေါ်မှာအိပ်ပျော်သွားခဲ့တာပဲ။ဒါဆိုသူဘယ်လိုအခန်းထဲရောက်လာလဲ။
"သားကြီး!"
"ဟုတ် ဟုတ်ကဲ့"
"ဘာတွေတွေးနေတာလဲ"
"ဟို...ကျွန် ကျွန်တော်ဘယ်လိုအိမ်ပေါ်ရောက်လာလဲတွေးနေတာ"
"အော်။ အဲ့တာရှင်းခန့်ချီလာတာလေ။သားကတစ်ကယ်လူကောင်သေးသေးလေးဖြစ်ကျန်ခဲ့တာပဲ။ရှင်းခန့်ကပြောတယ် ငှက်မွှေးကိုမရသလိုပဲတဲ့။အစားကိုဝဝစားအုံး"
လရိပ်မျက်နှာလေးရဲတတ်သွားပြီး ရှင်းခန့်ကိုလှည့်ကြည့်လိုက်တော့ သူမသိသလိုကော်ဖီသောက်ရင်း သတင်းစာကိုဖတ်နေ၏။
"ဒါနဲ့ ကျွန်တော့်ကိုဘာပြောမလို့လဲ"
"ကုမ္မဏီကိုခဏလိုက်ခဲ့ပါ ပထမဆုံးရှင်းခန့်ရုံးတတ်ရမှာလေ။အဲ့တော့မိသားစုဝင်တွေကို ဝန်ထမ်းတွေနဲ့ တစ်ခါတည်းမိတ်ဆက်ပေးချင်လို့"
YOU ARE READING
My Bad Brother(Completed)
FantasyOC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။