ဒီ '30° to the Night Sky' ကို ရေးဖို့စိတ်ကူးရခဲ့တာကြာပါပြီ။ ပြောရရင် အပြင်မှာတကယ်ရှိခဲ့တဲ့ ကမ္ဘာကျော် ရှာဖွေတွေ့ရှိချက် တစ်ခုအကြောင်းရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရာက ဒီ Fiction လေးကိုရေးဖို့ အကြံစရခဲ့တာပါ။ ဒါပေမဲ့ ဒီကြားထဲမှာ စာရေးဖို့စုထားတဲ့ အချက်အလက်တွေ Folder လိုက် ပျက်ကုန်တာရော၊ ကိုယ်လည်း အလုပ်တွေများလာတာရောကြောင့် မရေးတော့ဘူးဆိုပြီး ထားထားရာကနေ အခုတော့ အခြေအနေအရပ်ရပ်ကြောင့် ပြန်ရေးဖြစ်တယ်ပေါ့နော်။
ပြီးတော့ ဒီတစ်ပုဒ်က အရင်ရေးနေကျ မြန်မာ OC စစ်စစ်တွေနဲ့တော့ နည်းနည်းကွဲပါလိမ့်မယ်။ ဒီထဲမှာလည်း မြန်မာ OC ရဲ့အငွေ့အသက်တွေ ပါမှာပေမဲ့ ဇာတ်အိမ်ရဲ့အနေအထားကြောင့် တခြားစိတ်ကူးယဉ်ဖန်တီးထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အငွေ့အသက်တွေကိုပါ Hybrid အနေနဲ့ခံစားရမှာပါ။
တစ်ခါမှမရေးဖူးတဲ့ပုံစံကိုရေးကြည့်ချင်တာမို့ ကြိုးစားပြီးရေးသွားမှာဆိုပေမဲ့ လိုအပ်ချက်တွေရှိလာရင်လည်း နားလည်ပေးကြဖို့ ကြိုပြီးတောင်းဆိုထားပါရစေ။ နောက်ပြီး အပေါ်မှာပြောခဲ့တဲ့ဆောင်းပါးအပါအဝင် ဇာတ်အိမ်ရဲ့လိုအပ်ချက်အရ မှီငြမ်းထားရတဲ့ Reference တွေကို အဆုံးကျရင် Chapter တစ်ခုသတ်သတ်ခွဲပြီး ဖော်ပြသွားပါမယ်နော်။ အားလုံးပဲကျေးဇူးပါ။
Curtsy,
Michelleshunn
11.11.2024