Chapter - 01

137 10 54
                                    

အလုံပိတ်အားကစားခန်းမထဲတွင် နံရံနှင့်ရိုက်ခတ်ကာ ပြန်ကန်ထွက်လာသောဘောလုံးကို ဘောလုံးရိုက်တံ(ရက်ကက်)နှင့် ခပ်ပြင်းပြင်းရိုက်ခတ်နေသံသည် မင်းမူလျက်ရှိနေခဲ့၏။

ကျွီ ~ ဖောင်း! ကျွီ ~ ဖောင်း! ကျွီ ~ ဖောင်း!

ဘောလုံးကို ပြန်ရိုက်ထုတ်သည့်အား ပိုပိုများလာသည်နှင့်အမျှ ဘောလုံးကို အချိန်မီပြန်ရိုက်ထုတ်နိုင်ရေးအတွက် ဟိုသည်အလျင်အမြန် ရွေ့လျားနေရသည်ဖြစ်ရာ ဘောလုံးသံအပြင်၊ ပြောင်လက်အောင်တိုက်ထားသော အားကစားခန်းမကြမ်းပြင်နှင့် ခရမ်းရောင်အားကစားဖိနပ်တို့၏ ထိခတ်အရှိန်သတ်သံ တကျွီကျွီသည်လည်း ပူးတွဲမင်းမူလာခဲ့တော့သည်။

ကျွီ ~ ဖောင်း! ကျွီ ~ ဖောင်း! ကျွီ ~ ဖောင်း! ကျွီ ~ ဖောင်း!

အချိန်ကြာလာသည်နှင့်အမျှ အစိမ်းရောင်တင်းနစ်ဘောလုံးငယ်သည် နံရံနှင့်ရက်ကက်အကြား ပင်ပန်းကြီးစွာ ပြေးလွှားနေရသကဲ့သို့ အမည်းရောင်အားကစားအင်္ကျီနှင့် ဘောင်းဘီတိုတို့ကို တွဲဖက်ဝတ်ဆင်ထားသူသည်လည်း အားကစားခန်းမ၏ ဘယ်မှညာ၊ ညာမှဘယ်သို့ ခေါက်ကယ်ပြန်ကယ်ပြေးလွှားနေရတော့၏။ အဲကွန်းဖွင့်ထားသည့် အလုံပိတ်ခန်းထဲတွင် ၎င်း၏အားကစားအင်္ကျီသည် ချွေးတို့နစ်ရွှဲနေသည့်တိုင်၊ ဘောလုံးကိုအမီလိုက်ရိုက်ရင်းခြေချခဲ့သည့် ပြေးလမ်းတစ်လျှောက် ခပ်ပြေပြေမဟာနဖူးထက်မှ ကြွေကျသက်ဆင်းခဲ့သည့် ချွေးစက်တို့သည် ကြမ်းပြင်တွင်ပြန့်ကျဲနေခဲ့သည့်တိုင် အဆိုပါ Squash ကစားသမားသည် ရပ်တန့်မည့်ဟန်မရှိ။

ကျွီ ~

ထိုစဉ် အခန်းတံခါးကိုဖွင့်ကာဝင်လာသည့် အနက်ရောင်အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်။ ထိုဝတ်စုံပြည့်နှင့်လူက အားကစားဝတ်စုံနှင့်လူ Squash ကစားနေသည်ကို နှစ်မိနစ်မျှရပ်ကြည့်နေခဲ့ပြီးမှ

"ငါအခုပဲ ဟိုကပြန်လာခဲ့တာ။ သူ့အမျိုးသမီးကတောင် မင်းပါမလာလို့ မေးနေသေးတယ်"

ကျွီ ~ ဖောင်း! ကျွီ ~ ဖောင်း!

သူစကားပြန်စောင့်နေသည့်တိုင် Squash ကစားနေသူထံမှ စကားသံအစား ဘောလုံးရိုက်သံသာ ထွက်ပေါ်လာခဲ့သည်မို့ အနောက်တိုင်းဝတ်စုံနှင့်လူသည် သက်ပြင်းကို အသာချလိုက်ရင်း

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

30° to the Night Sky Where stories live. Discover now