Unicode
"Jake Jake Jake!"
Jaeyunတစ်ယောက်ကျောင်းသွားဖို့ပြင်ဆင်နေတုန်းအိမ်ရှေ့ကခေါ်သံကြောင့်ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်သည်။
အင်းသူချစ်ရတဲ့သူ Park Sunghoon။
Jakeဆိုတဲ့နာမ်စားကလဲ Park Sunghoonဆိုတဲ့သူပဲခေါ်ခွင့်ရှိတဲ့နာမ်စားလေး။
Sunghoon မိမိဘဝထဲကိုဝင်လာသည်ကအထက်တန်းပထမနှစ်ကတည်းက။
ခုအထက်တန်းဒုတိယနှစ်ကိုရောက်လို့တောင်နေပြီ။ဘယ်ကတည်းကစချစ်မိသွားလဲမသိပေမဲ့ Jaeyunဆိုတဲ့မိမိကပဲတစ်ဖက်သတ်ချစ်မိနေတာဆိုတာကတော့ကျိန်းသေတယ်။
ပထမဆုံးစတွေ့တဲ့နေ့ မိမိဘေးကိုအတင့်ရဲစွာလာထိုင်တဲ့ကောင်လေး။
Jaeyunဟာ ကျောင်းမှာလူတော်လူကောင်းထဲမပါသလို ကျောင်းလူဆိုးထဲလဲမပါပေ။
Jaeyunကအမြဲကျောင်းမှာ မျက်နှာတည်တည်နဲ့နေတာများသည်။ငယ်ငယ်ကတည်းကမျက်နှာတည်တည်နဲ့နေလာတဲ့Jaeyunပေမဲ့ Jaeyunကကျောင်းမှာကောင်မလေးတွေစိတ်ဝင်စားခြင်းခံရသည်။
Jaeyunကလူအကြိုက်များခံရဆုံး Top2ဆို Heeseungက Top1။
Heeseungဆိုတာအခြားသူမဟုတ် Jaeyunအားကျရတဲ့ကျောင်းသားခေါင်းဆောင်။
စာမေးပွဲရလဒ်ဆိုလဲTop10ဝင်ရုံသာ Top5အတွင်းတော့မဝင်။
Jaeyunကအမြဲအေးစက်စက်နိုင်သည်။ဆရာ၊ဆရာမတွေအပေါ်တောင်မှတစ်ခွန်းမေးတစ်ခွန်းဖြေယုံသာ။
Jaeyunကနောက်ဆုံးတန်းကပြတင်းပေါက်နားမှာထိုင်သည်။Jaeyunဘေးကိုဘယ်သူမှလာမထိုင်ရဲကြ ။
Park Sunghoonဆိုတဲ့လူရောက်မလာခင်အထိပေါ့။
အဲ့နေ့ Sunghoonပထမဆုံးအတန်းကိုလာတဲ့နေ့က Jaeyunဟာ အဖေ့ရဲ့ဆုံးမမှုကိုတစ်ညလုံးနားထောင်ခဲ့ရတာကြောင့် အိပ်ချင်နေ၍ ခုံပေါ်မှာမှောက်အိပ်နေခဲ့သည်။
"ကဲအတန်းထဲကျောင်းသားသစ်ရောက်တယ် အားလုံးကြိုဆိုလိုက်ကြပါအုန်း"
"ဝါးချောလိုက်တာ ငါ့typeလေးပဲဟိ"
"နှာတံလေးမှာမှည့်လေးနဲ့အရမ်းချစ်ဖို့ကောင်းတာပဲ"
YOU ARE READING
My Annoying Classmate//Sungjake(Completed)
FanfictionEN-Fanfic Burmese Language For Donation